ဆိုးလ်၊ ဇနတ်နဝါရီ ၂၆
အာဏာရပါတီအမတ်တစ်ယောက် အခုသီတင်းပတ်ထဲမှာ ထပ်ပြီး တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးက ဒီတိုက်ခိုက်မှုက အသေးစား တိုက်ခိုက်မှုဆိုပေမယ့် ဒါဟာ အကြမ်းဖက်မှု ပါပဲလို့ သမ္မတရုံးတော်ကနေတဆင့် ဇန်နဝါရိ ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖြစ်စဉ်အရ ဘေယွန်ဂျင်း ဆိုတဲ့ အသက် ၄၀ အရွယ် ဥပဒေပြုအမတ်တစ်ယောက်ဟာ ဆိုးလ်မြို့တော်က နာမည်ကျော်ကြားလှတဲ့ ဂမ်းနမ့် ခရိုင်မှာ ကျောက်ခဲတစ်ခုနဲ့ ဦးခေါင်းနောက်ဘက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်နေ့က တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆေးဝန်ထမ်းတွေရဲ့ အဆိုအရ အသက်အန္တရာယ် မရှိဘူးဆိုပေမယ့် နောက်စေ့မှာ ၁ စင်တီမီတာလောက် ပေါက်ပြဲသွားတယ်လို့ သိရပါတယ်။ ဦးရေပြားဒဏ်ရာကို ကုသဖို့အတွက် ခဏ ဆေးရုံတင်ထားရပြီး တဲ့နောက် ပြန်ကောင်းမွန်လာခဲ့တယ်လို့ ကုသပေးခဲ့တဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
တိုက်ခိုက်သူက အသက် ၁၅ နှစ်အရွယ် အရွယ်မရောက်သေးသူတစ်ယောက်လို့ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ဒီနေ့ ဇန်နဝါရီ ၂၆ရက်သောကြာနေ့ မနက်မှာ ဖော်ပြခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့လည်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောပါတယ်။
မကြာသေးခင်ကလည်း ဘူဆန်ဆိပ်ကမ်းမြို့မှာ သတင်းထောက်တွေနဲ့ စကားပြောနေတဲ့ အတိုက်အခံ ပါတီခေါင်းဆောင် လီဂျေမြောင်း ဆိုသူလည်း လည်ပင်းကို ဓါးနဲ့ ဝင်ခုတ်တာ ခံခဲ့ရပါတယ်။
“ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေကို အကြမ်းဖက်တာက ပြည်သူတွေကို အကြမ်းဖက်တာပါပဲ လို့” နိုင်ငံရေးရေးရာ အကြီးတန်းအတွင်းဝန် ဟန်အိုဆပ် ကလည်း ရှုံချပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ တိုက်ခိုက်ခံရတဲ့ သတင်းကို ရုပ်မြင်သံကြားက ထုတ်လွှင့်နေပုံ
Feature Image Credit: AFP



