တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ၂၅ကြိမ်မြောက် ကမ္ဘာ့ ကင်းထောက်လူငယ်တွေ့ဆုံပွဲ တိုင်ဖွန်းမုန်တိုင်း သတိပေး ချက်ကြောင့် အ‌‌ရေးပေါ် စခန်းသိမ်းခဲ့ရ

အမေရိကန်ကင်းထောက်အဖွဲ့ဝင်တွေ စခန်းသိမ်ဖို့ ပြင်ဆင်နေပုံ
Photo Credit: AP/Yonhap/Choe Young-soo

ဆိုးလ်၊ ဩဂုတ် ၇

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၅ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်စခန်းချပွဲကို အပူလှိုင်းဖြတ်တဲ့ ပြသနာနဲ့ တိုက်ဖွန်းမုန်တိုင်း သတိပေးချက်တွေ ဆက်တိုက် ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ရုတ်တရက် စခန်းသိမ်းခဲ့ ရတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း ၁၅၅နိုင်ငံက လူ၄၃၀၀၀ နီးပါး ပူပေါင်းပါဝင်နေတဲ့” World Scout Jamboree” လို့ ခေါ်တဲ့ အဲ့ဒိပွဲကို တောင်ကို ရိးယား နိုင်ငံ ဂျီအိုလာပြည်နယ်မြောက်ပိုင်းက ဂျမ်ဘိုရီးမှာ ကျင်းပနေတာဖြစ်ပြီး အပူလှိုင်းဝင်ရောက်ခဲ့တာမို့ ရာနှင့်ချီတဲ့ သူတွေ အပူဒဏ်ကြောင့် နာမကျန်းဖြစ်ခဲ့ရပါတယ်။

တစ်ဆက်တည်းဆိုသလို တိုင်ဖွန်းမုန်တိုင်း သတိပေးချက်ကပါထွက်လာတာမို့  “World Scout Jamboree”ကို စခန်းသိမ်း ရတော့မဲ့ အကြောင်း ပွဲစီစဉ်သူတွေက  ဩဂုတ်လ ၇ရက် တနင်္လာနေ့မှာ အခုလို့ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒိနောက် တော့ ထောင်နှင့်ချီတဲ့ ကလေးငယ်တွေကို နေရပ်ပြန်ပို့ဖို့ အတွက် အရေးပေါ်အကူအညီ အမြန်ပေးဖို့အစိုးရကို တောင်းဆိုခဲ့ ရပါတယ်။

ဒီပွဲကို မူလအစီအစဉ် အရဆို ဩဂုတ်လ ၁ရက်ကနေ ၁၂ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပေမယ့် ပြင်းထန်တဲ့ အပူလှိုင်း ကြောင့် ကင်းထောက်ရာနဲ့ ချီ နာမကျန်းဖြစ်ခဲ့ကြလို့ ဆိုးလ်က  စစ်ဘက်ဆရာဝန်တွေ စေလွှတ်ခိုင်းပြီး လေအေးပေးစက် ဘတ်စ်ကားတွေနဲ့  အပူချိန်ကို အကာအကွယ်ပြုပေးဖို့  အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပြုခဲ့ ပါတယ်။

အခုလိုမျိုးအပူလှိုင်းဒဏ်ကို ကာကွယ်ပေးဖို့ အစီစဉ်တွေ လုပ်နေတုန်းမှာပဲ မုန်တိုင်းသတိပေးချက်ကပါထွက်လာတော့ ပွဲကို အပြီး ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်း ကိုရီးယားသမ္မတနိုင်ငံ အစိုးရရဲ့ ကင်းထောက်လှုပ်ရှား မှုအဖွဲ့ World Organization of the Scout Movement က ဒီနေ့မနက်မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

Your email address will not be published. Required fields are marked *