တောင်ကိုရီးယားမိုးသည်းထန်ရေကြီးမှုကြောင့်သေဆုံးသူ ၃၉ဦး အထိမြင့်တက် လာ

တောင်ကိုရီးယားနိုင်ငံမှာဇူလိုင်(၉)ရက်ကတည်းက မုတ်သုန်မိုးရွာနေပြီ။ ဇူလိုင် (၁၄)ရက်မှာနေရာကွက်ကြားမိုးသည်းထန် တယ်။ ဇူလိုင် (၁၅)နဲ့ (၁၆)ရက်တွေမှာ တစ်နိုင်ငံလုံးနီးပါးမိုးသည်းထန်ရာကနေ ရေကြီးမှုတွေကြုံတွေ့ခဲ့ရတယ်။

နိုင်ငံအနှံ့အပြားမှာရှိတဲ့ မြစ်ချောင်းတွေ ရေလျှံပြီးတော့ ကုန်းတွင်းပိုင်းလူနေဒေ သတွေရုတ်တရက်ရေလွှမ်းခံရတဲ့အ တွက် ဒေသခံတွေ ရေဘေးလွတ်ရာ ရှောင်ပြေးဖို့ အနည်းနဲ့အများ အခက် တွေ့ခဲ့ကြတယ်။

ဇူလိုင်၁၅နံနက်စောစောပိုင်းမှာ တောင် ကိုရီးယားနိုင်ငံမြောက်ပိုင်း ချောင်ချုန်း ပြည်နယ်ထဲက ကိုးဆန်ဆည်ထဲကရေတွေ လျှံကျလာတယ်။ သက်ဆိုင်ရာက ဆည် မကျိုးအောင်ရေထိန်းတံခါးဖွင့်ပေးလိုက်တာလား၊ ဘယ်လိုဖြစ်တာလဲ သတင်း မထုတ်ပြန်ခင်မှာပဲ ရေတွေဟာ ဆည်ရေ သောက်ကျေားရွာတွေကိုဖြတ်ပြီး အို ဆောင်းမြို့ထဲအထိ အလျင်အမြန်ဝင် ရောက်လာခဲ့တယ်။

အိုဆောင်းမြို့လယ်တစ်နေရာမှာရှိတဲ့ တံတားအောက်လှိုဏ်ခေါင်းကားလမ်းထဲကို ရေတွေတစ်မိနစ်ကျော်အတွင်း ရုတ်တရက်ဝင်လာရာက ဘတ်စ်ကား တစ်စင်းအပါအဝင် ကား၁၅စင်း ရှေ့ တိုးမရနောက်ဆုတ်မရဘဲ ရေထဲမှာ ပိတ်မိသွားခဲ့တယ်။

အဲဒီလှိုဏ်ခေါင်းထဲကို ကယ်ဆယ် ရေး သမားရာနဲချီပြီးဝင်ရောက်ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် ခက်ခဲလွန်းတာကြောင့် လူ(၉)ဦးကိုပဲ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အိုဆောင်းမြို့မီးသတ်ဌာနမှူး ဆိုဂျွင်အီး လ်က ဇူလိုင် ၁၆ရက်မှာ ထပ်လောင်း အတည်ပြုတယ်။

တကယ့်အရေးပေါ်အခြေအနေကြုံရတဲ့အချိန်မှာ ယူကရိန်းရောက်နေခဲ့ပြီး အခု မှပြန်ရောက်လာတဲ့ သမ္မတ ယွန်းဆွတ် ယူးလ်ကကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးတိုးမြှင့်လုပ်ဆောင်ဖို့ ညွှန် ကြားတာ သေဆုံးသူတွေအတွက် ဝမ်း နည်းစကားပြောကြားတာတွေကို လူ အများစုက မကျေနပ်ကြဘူး။

အိုဆောင်းမြို့မှာ မိုးအရမ်းကြီးသည်း lတဲ့ အချိန်တံတားအောက်ကလှိုဏ်ခေါင်း လမ်းပိတ်မပစ်ဘဲ ကားတွေသွားလာခွင့် ပေးခဲ့တဲ့တာဝန်ရှိသူတွေကြောင့် ကားတွေ အထဲမှာ ပိတ်မိပြီး လူတွေသေကြရတာ ဖြစ်တယ်လို့ပြည်တွင်းသတင်းမီဒီယာတွေက ဝေဖန်ထောက်ပြတယ်။

Ref: BBC

Visited 79 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *