တောင်ကိုရီးယားနဲ့  အမေရိကန်တို့ ဆိုးလ်မှာ  နျူကလီးယားစီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲအသစ် ကျင်းပနေ

ဆိုးလ်၊ ဇွန် ၁၀

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ဟာ ဒီနေ့ ဇွန်လ ၁၀ ရက် တနင်္လာနေ့မှာ မဟာမိတ်တွေအနေနဲ့ နျူကလီးယား ဆိုင်ရာ ပိုမိုကောင်းမွန်တဲ့  ညှိနှိုင်းဆောင်ရွက်မှုတွေအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ဆိုးလ်မြို့မှာ ကျင်းပနေတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက်နဲ့  ပေးပို့မှုစနစ်တွေကို မြှင့်တင်ဖို့ ကြိုးစားနေချိန်မှာပဲ အခုလို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးပွဲက ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ ယွန်းစွတ်ယိုးရဲ့ ပါတီက  အကြီးတန်းအဖွဲ့ဝင်တချို့ အပါအဝင် နိုင်ငံရေးသမားတချို့က ဆိုးလ်အတွက် ကိုယ်ပိုင်နျူကလီးယားလက်နက်တွေ တီထွင်ထုတ်လုပ်ဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

မေလနှောင်းပိုင်းက မြောက်ကိုးရီးယားဟာ  အသစ်တီထွင်ထား ဒုံးပျံအသစ် လွှတ်တင်ခဲ့ပေမယ့် မအောင်မြင်ဘဲ ပေါက်ကွဲသွားခဲ့ပါတယ်။

အခုလို  ပြုံယမ်းရဲ့ ပဲ့ထိန်းနည်းပညာအသုံးပြုမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ထားတာ ဖြစ်လို့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်ကို   ချိုးဖောက်မှုအနေနဲ့  ဆိုးလ်နဲ့ ဝါရှင်တန်တို့က ရှုတ်ချခဲ့ပါတယ်။

အခု လုပ်နေတဲ့  ဆွေးနွေးပွဲကို တောင်ကိုရီးယား ကာကွယ်ရေး လက်ထောက် မူဝါဒရေးရာ ဝန်ကြီး ချိုချန်းနဲ့ အမေရိကန်အာကာသမူဝါဒဆိုင်ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗီပင် နာရန်တို့ ဦးဆောင်ဆွေးနွေးနေတာလို့ သိရပါတယ်။

Ref: Reuters

Feature Image credit: Reuters

Visited 32 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *