
Photo credit: Reuters
ပြုံယမ်း၊ ဩဂုတ် ၁၄
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုမစတင်မီ ရက်ပိုင်းအလိုမှာပဲ ကင်ဂျုံအွန်ဟာ နည်းဗျူဟာ မြောက် ဒုံးကျည်တွေ ၊ ဒုံးကျည်ပစ်လွှတ်တဲ့ပစ်စင်တွေ၊ သံချပ်ကာယာဉ်နဲ့ အမြောက်ကျည်တွေ ထုတ်လုပ်နေတဲ့ အဓိက လက်နက် ခဲယမ်းစက်ရုံတွေကို သွားရောက်ခဲ့ပြီး ဒုံးကျဥ်တွေ ထပ်တိုးပြီး ထုတ်လုပ်ကြဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်း ဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ရှေ့တန်းစစ်ရေးဌာနတွေရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဖို့ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို သိသိသာသာ တိုးမြှင့်ဖို့ ဆို တာ အရေးကြီးတဲ့ ရည်မှန်းချက်လို့လည်း ကင်က မှတ်ချက်ပေးခဲ့သေးတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ဆိုပါတယ်။
တောင်ကိုရိးယားနဲ့ အမေရိကန် တို့ကတော့ မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှု တွေကို တုံ့ပြန်နိုင်စွမ်း မြှင့်တင်ဖို့ “Ulchi Freedom Guardian” နွေရာသီ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ လုပ်ကြမှာ ဖြစ်တယ်လို့ ပူးတွဲ ကြေငြာချက် ထုတ်ထားပါတယ်။
အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာ နှစ်ဖက်စလုံးက သောင်းချီတဲ့ တပ်ဖွဲ့ဝင်တွေအပြင် ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ဝင်နိုင်ငံတချို့ ကလည်း ကွင်းဆင်းလေ့ကျင့်မှု အစီအစဉ် ၃၀ နီးပါးမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်တွေဆီက သိရပါတယ်။
“စစ်ရေးလေ့ကျင့်မှုဟာ အရေးပေါ်အခြေအနေမှာ ခိုင်ခံ့တဲ့ ပေါင်းစပ်ကာကွယ်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ် အပိုင်းတစ်ခုဖြစ်သလို မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အတွက်လည်း လိုအပ်ချက် တစ်ခု ဖြစ်တယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီဆောင်ဂျွန်ကက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: Reuters