ဆိုးလ်၊ ဇူလိုင် ၂
တနင်္လာနေ့ (ဇူလိုင် ၁ ရက်) က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုတော်ရဲ့ လူစည်ကားရာ မြို့လယ်ခေါင်မှာ ကားတစ်စီးက လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့တာမို့ အနည်းဆုံး လူကိုးယောက် သေဆုံးခဲ့ပြီး လေးယောက်ကတော့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ရဲတပ်ဖွဲက သတင်းထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးသူ ခြောက်ယောက်ရှိပြီး တခြား သုံးယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ မီးသတ်သမား ကင်ချွန်ဆူးက ပြောပါတယ်။
ကားမတော်တဆမှု ဖြစ်ပွားတဲ့ အခင်းဖြစ်နေရာကို ကယ်ဆယ်ရေး သမားတွေက အလျှင်အမြန်ရောက်လာ ကြတယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။
ဝင်တိုက်ခဲ့တဲ့ကားကို မောင်လာတဲ့သူကအသက် (၆၈)နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး လမ်းကူးဖို့ရပ်စောင့်နေတဲ့ သူတွေကို ဝင်တိုက်မိခဲ့တာ လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြပါတယ်။
ကားက လမ်းပြောင်းပြန်မောင်းလာတာဖြစ်ပြီး လူတွေကို ဝင်မတိုင်ခင် လမ်းမှာ တခြားကားနှစ်စီးကိုလည်း ဝင်တိုက်ခဲ့သေးတယ်လို့ သတင်းဌာနက ပြောပါတယ်။
အခင်းဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးထားကြောင်း မြို့တော်ဂျွန်ဂူး ခရိုင်ရုံးက လုံခြုံရေးနဲ့ သယ်ယူပို့ဆောင်ရေး ဒါရိုက်တာ ကင်မ် ဆွတ် ဟွမ်က သတင်းထုတ်ပြန်ပါတယ်။
ယာဉ်မောင်းဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် အရက်သေစာ သောက်ထားတာ ရှိ၊ မရှိကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
Ref: Reuters
ပုံစာ။ အခင်းဖြစ်ပွားရာ နေရာကို တွေ့ရပုံ
Feature Image Credit: REUTERS/Kim Hong-Ji



