ဆိုးလ်၊ ဩဂုတ် ၃
ဆိုးလ်မြို့ရဲ့ အနီးက ဒေသတစ်ခုမှာ ကားနဲ့တိုက်မှုအပြင်ဓားနဲ့ပါ တိုက်ခိုက်ခဲ့လို့ ၁၄ယောက် ဒဏ်ရာ ရခဲတယ်လို့ သိရပါ တယ်။
တောင်ကိုရီးယားခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ မြို့တော်ဆိုးလ်း အနီးဝန်းကျင်ကမြို့တစ်မြို့မှာ အမျိုးသား တစ်ယောက်က သြဂုတ် ၃ ရက် ကြာသပတေးနေ့ မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ ဝင်တိုက်ခဲ့ပါတယ်။ နောက်တော့ ဓားနဲ့ပါ တိုက်ခိုက်ခဲ့လို့ လူ ၁၄ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ မြို့တော်ဆိုးလ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖြစ်ခဲ့တဲ့ ဆိုလ်း ဧရိယာနားက ဆောင်းနမ် ဆိုတဲ့ မြို့မှာ အကြောင်းမဲ့ တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့ပြီး လူတစ်ယောက်သေ သုံးယောက် ဒဏ်ရာရခဲ့တဲ့ရှားရှားပါးပါး ဓါးနဲ့တိုက်ခိုက်မှု အပြီး အခုလိုအလားတူ တိုက်ခိုက်မှု တစ်ခု ထပ်ဖြစ်ခဲ့တာလို့ သိရပါတယ်။
ကြာသပတေးနေ့တိုက်ခိုက်မှုက ဓါးသမားဟာ အသက် ၂၀ အရွယ် အမျိုးသားတစ်ယောက်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူက ပို့ဆောင်ရေးအလုပ်လုပ်တာ ဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာလည်း ခံစားနေရတဲ သူလို့လည်း ရဲတပ်ဖွဲက ဆိုပါ တယ်။
တိုက်ခိုက်မှုဟာ ဆိုးလ်မြို့ကနေ ကီလိုမီတာ ၂၀လောက် အကွာမှာ ရှိတဲ့ ဆူးရန် ဘူတာရုံနားမှာ ဖြစ်ခဲ့တာလို သိရပြီး အဲ့ဒိဧရိယာဟာ ကုန်တိုက်ကြီးတွေနဲ့ အခြားစျေးဆိုင်တွေ အများကြီးရှိသလို ခရီးသွားအများအပြားလာ ရောက် တဲ့ နေရာ လို့လည်း သိရပါတယ်။
Ref: CAN
ပုံစာအညွှန်း။ အခင်းဖြစ်ပွားရာနေရာကို တွေ့ရပုံ
Feature Image Cedit: Reuters