တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ညဖက် အိပ်မပျော်တဲ့ဝေဒနာကြောင့် မြန်မာနိုင်ငံပြန်ဖို့စီစဉ်ခဲ့ပေမယ့် မပြန်ခင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာဖြစ်

ဂယောင်ဂိ၊ ဖေဖေါ်ဝါရီ ၂၂

တောင်ကိုရီးယားနိုင်ငံ၊ဂယောင်ဂီပြည်နယ်၊ ဖိုချောင်းမြို့၊ဂါဆန်ရပ်ကွက်က ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံမှာ အလုပ်လုပ် နေတဲ့ မြန်မာလုပ်သားတစ်ယောက်ဟာ ဖေဖော်ဝါရီလ၂၂ရက်နေ့က ကိုယ့်ကိုကိုယ် အ ဆုံးစီရင်သွားတယ်လို့ ကိုရီးယား ရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။

အဆုံးစီရင်သွားတဲ့ မြန်မာလုပ်သားနာမည်မှာ ကိုအောင်ကျော်ဖြိုးဖြစ်ပြီး သူဟာ ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲ မြို့ကနေ ကိုရီးယား မှာ အလုပ်လာလုပ်နေတဲ့သူ ဖြစ်ပါတယ်။

ကိုအောင်ကျော်ဖြိုးဟာ ကိုယ့်ကို အဆုံးစီရင်မှု မလုပ်မီက ညအိပ်မပျော်တဲ့ဝေဒနာခံစားနေရလို့ သူ့ရဲ့စက် ရုံပိုင်ရှင်ဆီကို အလုပ်ကနေ တစ်လခွဲခွင့်ယူပြီး မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ၂၆ရက်မှာ ပြန်ဖို့ ခွင့်လည်းရထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီလ၂၁ရက်မှာ မြန်မာနိုင်ငံကို မပြန်ခင် ဆေးခန်းသွားပြခဲ့ပြီးဆေးခန်းကအိပ်ဆေးပေးလိုက်တာကြောင့် အိပ်ပျော်သွားခဲ့ပါတယ်။သူ့ကို ဖေဖော်ဝါရီလ၂၂ရက် နံနက်၉နာရီမှာ ရေထသောက်ခဲ့တာကို နောက်ဆုံးတွေ့ခဲ့ရတာဖြစ်ပြီး နေ့လည် ၂နာရီလောက်မှာ စက်ရုံပိုင်ရှင်ရဲ့သားက ဂိုထောင်ထဲမှာ ပစ္စည်းယူဖို့ သွားတဲ့အခါ လည်ပင်းမှာ လျှပ်စစ်ကြိုး ပတ် ပြီး စက္ကူပုံးတွေကြားထဲမှာ လဲကျ သေဆုံးနေတဲ့ ကိုအောင်ကျော်ဖြိုးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့လည်း သိရ ပါတယ်။

Photo– Migrant Times

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *