ဇူလိုင်(၁၄)ရက်နေ့ကစပြီး တောင်ကိုရီး ယားနိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာ သွန်းလို့ ဇူလိုင်လ(၁၅)ရက်နဲ့(၁၆) ရက် တွေမှာ ရေကြီးမှုတွေဖြစ်ပွားခဲ့ပါ တယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ နိုင်ငံ တကာ သတင်းတွေ အရ မိုးသည်းထန်ရေ ကြီးမှုကြောင့် လူ၂၆ဦးထက်မနည်း သေ ဆုံးပြီး ၁၀ဦးပျောက်ဆုံးနေပါတယ်။
ချောင်ချုန်းပြည်နယ်မြောက်အလယ်ပိုင်းဒေသ ချုန်းဂျူမြို့အနီးက အိုဆောင်းမြို့ထဲမှာ ရုတ်တရက်ဖြစ်ပွားတဲ့ရေကြီးမှုကြောင့် တံတားအောက်ကဖောက်လုပ်ထားတဲ့လှိုဏ်ခေါင်းကားလမ်းထဲမှာ ကားတွေ ဇူလိုင် ၁၅ရက်က ပိတ်မိကုန်ကြတယ်။ ကားတွေထဲမှာ ခရီးသည်တင် ဘတ်စ် ကားတစ်စင်းလည်းပါတယ်။ အဲဒီဘတ် စ် ကားထဲက ခရီးသည်တွေကို ကယ် ဆယ်ဖို့ ကြိုးစားကြတာ၉ဦးကိုပဲ ကယ်ထုတ် လာနိုင်ခဲ့တယ်။ ဇူလိုင်၁၆ရက်နံနက် မှာ တော့ ဘတ် စ်ကားထဲကနေအလောင်း ၆ လောင်းကောက် ယူရရှိခဲ့တယ်။ ပြည် တွင်းသတင်းမီဒီယာ တွေမှာ မိုးသည်း ထန်ရေကြီးမှုကြောင့် လူ၃၃ဦးထက် မနည်း သေဆုံးကြောင်း ဖော် ပြခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်တဲ့ မြောက်ပိုင်း ဂျောင်ဆန်း ဒေသမှာ မိုးသည်းထန်ရေကြီးမှုအခြေ အနေအဆိုးဆုံးလို့ဆိုတယ်။ ဇူလိုင် (၁၅) မှာ တွက်ချက်သိရှိခဲ့တဲ့ ကိန်းဂဏန်း တွေအရ ရွာသွန်းတဲ့မိုးရေချိန်ပမာဏဟာ ၁၁ဒသမ၈ လက်မရှိတယ်။ပုံမှန်မိုးရေ ချိန်ဟာ တောင်ကိုရီးယားမှာ တစ်နှစ် ကို ၃၉ဒသမ၄လက်မနဲ့ ၇၀ဒသမ ၉လက ်မအကြား ရှိတယ်လို့ ကိုရီးယားမိုးလေဝ သအဖွဲ့အစည်းကထုတ်ပြန်ကြေညာတယ်။
Ref: BBC