တောင်ကိုရီးယားက နိုင်ငံခြားသားအလုပ်သမားများ ခေါ်ယူသွားမည်

တောင်ကိုရီးယား နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူ ရေး၊ကုန်ထုတ်လုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့လုပ်ငန်းများမှာ လုပ်ကိုင်ရန်အတွက် နိုင်ငံခြားသား အ လုပ်သမား ၁၂၉၀၀ဦးကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၆ရက်နေ့က တောင်ကိုရီးယားနိုင်ငံအလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသားအလုပ်သမားများ ခေါ်ယူရာတွင် မြန်မာ နိုင်ငံမှ ကိုရီးယားသို့ အလုပ်ထွက်လုပ်လို့သည့် အလုပ် သမားများလည်းပါဝင်ပြီး ကိုရီးယားအလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား လုပ်သားများ ခေါ်ယူရန်အတွက် နီးစပ်ရာ အလုပ်သမားရုံးများမှာ နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံခြားသားအလုပ်သမားများခေါ်ယူရာတွင် ကုန်ထုတ်လုပ်ငန်းများအတွက် ၅၀၀၀ဦး၊စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် ၃၀၀၀ဦး၊ဝန်ဆောင်မှုလုပ်ငန်းအတွက် ၂၅၀၀ဦး၊ဆောက်လုပ်ရေးလုပ်ငန်းများအတွက်၁၀၀၀ဦး၊ငါးဖမ်းလုပ်ငန်းများအတွက် ၁၀၀၀ဦးနဲ့ရေလုပ်ငန်းအတွက် ၄၀၀ဦးတို့ကို ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်နဲ့ ရေလုပ်ငန်းများကို ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ၊ ကျန်လုပ်ငန်းများကို ဒီဇင်ဘာ ၂၁ရက်မှ ၂၆ ရက်အထိ လျှောက်လွှာရလဒ်များ ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း တောင်ကိုရီးယားအလုပ်သမားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

Visited 25 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *