တူရကီသမ္မတ ရေဆက်တေယစ်အာ ဒိုဂန်ဟာ မေ၂၈ ရက်က ဒုတိယအကြော့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၅၂ ဒသမ၁၄ ရရှိပြီး အနိုင်ရခဲ့တယ်လို့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကောင်စီက မေ ၂၉နံနက် ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
သူ့ပြိုင်ဖက် အတိုက်အခံ သမ္မတလောင်း ကေမားလ် ကီလစ်ဒါရိုဂလူကတော့ ထောက် ခံမဲ ၄၇ ဒသမ ၈၆ ပဲ ရတဲ့အတွက် အရှုံးကို လက်ခံလိုက်ရပြီဖြစ်တယ်။ အီစတန်ဘူလ်မြို့ အူစကူဒါရပ်ကွက်က သူ့အိမ်ရှေ့ထွက်လာပြီး အာဒိုဂန်က စောင့် ဆိုင်းနေကြတဲ့ အားပေးထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ပြီးတော့ အာဒိုဂန်ဟာ အန်ကာရာမြို့တော်က သမ္မတအိမ်တော်ကိုရောက်သွားပြီး အဲဒီမှာ လည်း အသင့် စောင်းဆိုင်းအောင်ပွဲခံနေ ကြသူအပေါင်းကို ကျေးဇူးစကားဆိုပြီး မိန့် ခွန်းခြွေခဲ့ပါတယ်။
တူရကီမှာ အခုလောလောဆယ် ငွေကြေး ဖောင်းပွနေတာ ကုန်ဈေးနှုန်းတက်နေ တာကို ထိန်းချုပ်နိုင်ဖို့ အရေးအကြီးဆုံး ဖြစ်နေပါတယ်။ ဒါဖြေရှင်းဖို့ရာ ခက်ခဲ တဲ့ပြသနာမဟုတ်ဘူးလို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီမြေငလျင်တွေရဲ့ဒဏ်ကြောင့်ပျက်စီးနေတဲ့မြို့ရွာတွေကို အစိုးရက ဦးစားပေး ပြီးပြုပြင်တည်ဆောက်ပေးသွားမယ်လို့ လည်း သူပြောပြန်ပါသေးတယ်။
အာဒိုဂန်ဟာ ၂၀၀၃ခုနှစ်က ဝန်ကြီးချုပ် အဖြစ်စတင်အာဏာရလာပြီးတော့ တူရကီ နိုင်ငံကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ နိုင်ငံသားအများစုက အားပေးထောက်ခံလာတာဖြစ်ပါတယ်။ အတိုက်အခံတွေကတော့ သူ့ကို အာဏာ မက်တဲ့လူလို့ စွပ်စွဲလျှက်ရှိပါတယ်။