တူရကီနဲ့ ဆီးရီးယားက ငလျှင် သေဆုံးသူ ၅၀၀၀ကျော် အထိရှိလာ

တူရကီနိုင်ငံ ရဲ့ အချက်အချာ မြို့တစ်ခု ဖြစ်တဲ့ အာဒါနာ က ငလျှင်ဒဏ်သင့် မြင်ကွင်းတစ်ခု
photo credit: Can Erok/AFP via Getty Images
 

အန်ကာရာ(တူရကီ)၊ ဖေဖေါ်ဝါရီ ၇

ဖေဖေါ်ဝါရီ ၆ရက် မနက် အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျှင်ကြောင့် သေဆုံးသူ အရေအတွက် ဟာ ကနဦး ထုတ်ပြန်ချက်တွေအရ ၂၃၀၀ ရှိတယ်လို့ မီဒီယာ အသီးသီးက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ နှစ်နိုင်ငံလုံးရဲ့သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲတွေက လူအား စက်အား နေ့ည ကြိုးပမ်းနေတဲ့ အချိန်မှာ ပဲ ဖေဖေါ်ဝါရီ ၇ရက် အစောပိုင်း သတင်းတွေ အရ သေဆုံးသူဟာ ၄၃၀၀ အထိ ရှိနေပြီလို့ ဝမ်းနည်းဖွယ် ကြား သိ ရပါတယ်။

အခု ၇ရက်နေ့ ညပိုင်း အရောက်မှာတော့ ထပ်ဆင့် ဝမ်းနည်းစရာ သတင်းတွေ ထပ်ထုတ်ပြန်လာခဲ့ပါတယ်။ သတင်းတွေအရက သေဆုံးသူဟာ တူရကီဘက်မှာ ၃၅၀၀ကျော်နဲ့ ဆီးရီးယားဘက်မှာ ၁၆၀၀ကျော် အထိရှိနေပြီမို့ သေဆုံးသူဟာ ၅၀၀၀ကျော်သွားပြီ ဆိုတဲ့ သတင်း ထုတ်ပြန်ချက်ပဲ ဖြစ်ပါတယ်။

ဒီလို ကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်နေတဲ့အချိန်မှာ နှစ်နှိင်ငံလုံးက ရာသီဥတုက ရေခဲအမှတ် အထိကို အေးခဲနေတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဖို့ အရမ်းကို ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အဲ့ဒိလောက်ဆိုးရွားနေတဲ့ ရာသီဥတု ကြားထဲမှာပဲ နှစ်နိုင်ငံ နယ်စပ်မှာ ပြင်းအား ၄ ဒသမ ၀ ရှိတဲ့ နောက်ထပ်ငလျှင် အကြိမ် ၄၀ အထိ ထပ်ပြီး လှုပ်ခတ်ခဲ့ပြန်တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ နှစ်နှိင်ငံလုံးမှာရှိတဲ့ အဖွဲ့ပေါင်းစုံက အေးခဲနေတဲ့ ရာသီဥတုကို အံတုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) အကြီးအကဲ တန်ဒရို အန်ဒန်နန် ဂေဘရီရယ်က ဆက်ပြီး တောင့်ခံထားဖို့ အားပေးနေပြီး WHO ကလည်း ဆေးဝါးအကူအညီတွေကို လေယာဥ်နဲ့ အမြန်ဆုံး ပို့ပေးဖို့ လုပ်နေပြီလို့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: VOA

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *