တူရကီနဲ့ ဆီရီးယား မှာ လှုပ်ခဲ့တဲ့ငလျင် ဖေဖေါ်ဝါရီ ၉ ရက်ညနေသတင်းတွေအရ သေဆုံးသူ ၁၉၃၀၀ ကျော်အထိရှိလာ

အန်ကာရာ၊ ဖေဖေါ်ဝါရီ ၉

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့ က စပြီး တူရကီတောင်ပိုင်းနဲ့  ဆီးရီးယားမြောက်ပိုင်းဒေသတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ဒီနေ့ ဖေဖေါ်ဝါရီ ၉ရက်နေ့အထိ သေဆုံးသူ ၁၉,၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီလို့ ဝမ်းနည်း ဖွယ် ကြားသိရ ပါတယ်။

လက်ရှိ အခြေအနေအရ ငလျှင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေမှာ အမိုးအကာ၊ ရေ၊ လောင်စာ ဒါမှမဟုတ်  လျှပ်စစ်မီး အချိန်မီ မရခဲ့ရင် ဒီနေ့အထိ အခြေအနေ အမျိုးမျိုးမှာ အသက်ရှင်ကျန်ရစ်နေတဲ့သူ အများအပြား ဟာ ဆက်ပြီး အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘဲ အသက်ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲကြီးက ပြောဆိုလိုက် ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရကလည်း  အခုလှုပ်ခတ်တဲ့ငလျင်ထက် လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကိုပိုပြီးထိခိုက် စေနိုင်တဲ့ နောက်ထပ်ငလျှင်တစ်ခု ထပ်ရောက်လာဖို့ အနေအထား ရှိနေတာမို့ ဒုတိယ ဘေးဒုက္ခတစ်ခု ထပ်ကြုံလာရမယ့် အ‌ရေးကို တွေးပူနေကြရပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာတော့ အကူအညီတွေ သယ်ဆောင်လာတဲ့ ကုလသမဂ္ဂ ကုန်တင်ကား ခြောက်စီးဟာ တူရကီကနေ ဆီးရီးယားကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး  အဲဒီမှာ ပထမဆုံး နိုင်ငံတကာ အကူအညီတွေ စပေးနေပြီလို့လည်း သိရပါတယ်။

နှစ်နိုင်ငံလုံးက  ကယ်ဆယ်ရေးသမားတွေဟာ နေ့ရောညပါ  ကြိုးကြိုးစားစားလုပ်ကိုင်နေကြပေမယ့် လည်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတဲ့သူ အများအပြားအတွက်ကတော့ မျှော်လင့်ချက်တွေ သိပ်မရှိ ဘူးလို့လည်း သိရပါတယ်။

ဗြိတိန် ပရဟိတအဖွဲ့ကလည်း  ထိခိုက်နစ်နာသူတွေ အတွက် ရန်ပုံငွေရှာဖွေရှာဖို့  ပန်ကြားချက်တစ်ရပ်ကို စပြီး ထုတ်ပြန်ကာ တစ်ဖက်တစ်လမ်းက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Ref:BBC

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *