တူရကီ နဲ့ ဆီးရီးယား နှစ်နှိင်ငံမှာ  ငလျင်လှုပ် လူ ၂၃၀၀ ကျော် သေဆုံး

ဆီးရီးယားနိုင်ငံ ဟားမားမြို့က အပျက်အစီးတွေကြား ကယ်ဆယ်ရေးလုပ်နေကြပုံ( ၂၀၂၃ ဖေဖေါ်ဝါရီ ၆)
photo Credit: AP

ဒိယာ ဘာခိယာ(တူရကီ)၊ ဖေဖေါ်ဝါရီ ၆

တူရကီနဲ့  ဆီးရီးယား နှစ်နှိင်ငံမှာ ရာစုနှစ်တစ်ခုနီးပါးအတွင်း အင်အားအပြင်းဆုံးငလျင်တစ်ခု ဖေဖေါ်ဝါရီ ၆ရက် တနင်္လာနေ့က လှုပ်ခတ်ခဲ့အပြီး လူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေက ဖော်ပြ နေကြ ပါတယ်။

ပြင်းအား ၇ဒသမ၈ ရှိတဲ့ ငလျင်ဟာ လှုပ်ခတ်ခဲ့အပြီး အစမှာ အင်အားက မသိသာခဲ့ပေမယ့် နောက် နာရီ နည်း နည်းအကြာမှာတော့ လူသန်းနဲ့ချီ နေထိုင်ကြတဲ့  တူရကီနဲ့ ဆီးရီးယား နှစ်နှိင်ငံရဲ့ နေရာ အတော် များ များကို ဖြိုချ ထုချေ ပစ်လိုက်ပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့  အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်နေတဲ့သူတွေ ရှိလေ မလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ကြီးမားတဲ့ စက်ကိရိယာတွေ အပါအဝင် သူတို့ရဲ့လက်ဗလာ တွေကို သုံးပြီး ရှာဖွေနေ ကြပါတယ်။

 ဆီးရီးယား အမျိုးသားမြေငလျင်ဗဟိုဌာန အကြီးအကဲ ရာ့ အာမက် က ဆီးရီးယားသမိုင်းတစ်လျှောက် အကြီး ဆုံး  ငလျင်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက သူပုန်တွေရဲ့ နယ်မြေတွေနဲ့ အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အနည်းဆုံး လူ ၈၁၀ သေဆုံး ခဲ့တယ်လို့  နိုင်ငံပိုင်မီဒီယာနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး တူရကီအာဏာပိုင် တွေကတော့ သူတို့ဘက်မှာ သေဆုံးတဲ့သူ ၁၄၉၈ ဦးအထိ ရှိနေပြီလို့ ပြောပါတယ်။

ကနဦးငလျင်တစ်ခုက  တနင်္လာနေ့မွန်းလွဲပိုင်းက လှုပ်ခတ်အပြီး ပြင်းအား ၇.၅ အဆင့်ရှိတဲ့ ငလျင်အပါအဝင် နောက်ဆက် တွဲငလျင် ၅၀ ကျော်  ဆင့်ကဲဆင့်ကဲ လှုပ်ခတ်သွားခဲ့တာလို့ သိရပါတယ်။

တူရကီမှာကတော့ အသက်ရှင်ကျန်ရစ်နေသူတွေက  နှင်းဖုံးနေတဲ့  လမ်းတွေပေါ် အပြေးအလွှားထွက် လာကြ ရ သလို ပြိုကျ ပျက်စီးသွားတဲ့ အိမ်အပါအဝင် အပျက်အစီးတွေကြားကို ကယ်ဆယ်ရေးသမားတွေက လက်တွေ နဲ့တူးဆွ ရှာဖွေနေကြပါတယ်။

“ကျွန်မရဲ့မိသားစုဝင် ခုနစ်ယောက်က အပျက်အစီးတွေအောက်မှာ ရှိနေတယ်” လို့ တူရကီနိုင်ငံက ကာ့ဒ်လူမျိုးစုတွေ အများစုနေထိုင်တဲ့  ဒီယာဘာခီမှာ  ကံကောင်းလွန်ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ဖြစ်တဲ့ မူဟစ်တင် အော်ကစီ က AFP သတင်းဌာန ကို ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ ရေခဲတွေနဲ့ ဆီးနှင်းတွေ ဖုံးနေတဲ့ ဆောင်းရာသီ နှင်းမုန်တိုင်းကြောင့် နှစ်နှိင်ငံလုံးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ အတားအဆီးတွေ ဖြစ်နေတယ်လို့  ကနဦး သတင်းတွေ အရ သိရပါတယ်။

Ref: CNA

နောက်ဆက်တွဲသတင်း

ဖေဖေါ်ဝါရီ ၇ရက် နံနက်ပိုင်း ထပ်မံသိရတဲ့ ကမ္ဘာ့မီဒီယာတွေရဲ့ သတင်းတွေအရ နှစ်နှိင်ငံက သေဆုံးသူ အရေအတွက်ဟာ စုစုပေါင်း ၄၃၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၈ရက် သတင်းတွေအရ နှစ်နိုင်ငံက သေဆုံးသူက ၈၄၀၀ကျော်နေပြီလို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၉ရက် နံနက်ပိုင်းသတင်းကဖော်ပြနေတာကတော့ နှစ်နှစ်ငံက သေဆုံးသူဟာ ၁၅၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။   

ဒီနေ့ ဖေဖေါ်ဝါရီ ၉ရက်နေ့ညနေအထိ သေဆုံးသူ ၁၉,၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီလို့ ဝမ်းနည်း ဖွယ် ကြားသိရ ပါတယ်။


ပြိုကျပျက်စီးသွားတဲ့ တူရကီက အဆောက်အဦတစ်ခု
Photo Credit: Eren Bozkurt/Anadolu Agency/Getty Images
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *