တီယန်မင် နှစ်ပတ်လည်နေ့မှာ တရုတ်ပြည်မနဲ့ ဟောင်ကောင် လုံခြုံရေး တင်းကျပ်ထား

ဘေဂျင်း၊ ဇွန် ၄

ဇွန်လ ၄ရက်နေ့မှာ ကျရောက်တဲ့ ၃၅နှစ်မြောက်  တီယန်မင်  နှစ်ပတ်နေ့မှာ တရုတ်အစိုးရက ပြည်မကြီး အပါအဝင် ဟောင်ကောင်ကိုပါ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဘေကျင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်နဲ့ တခြားနေရာတွေမှာလည်း  တရုတ်တက်ကြွလှုပ်ရှားသူတွေရဲအထိမ်းအမှတ်နေ့ဖြစ်တဲ့ ဇွန်၄ရက်နေ့မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ လူထုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့တဲ့ တီယန်မင်ရင်ပြင်ကို ဇွန်၄ရက် အင်္ဂါနေ့မှာ ပိတ်ထားမယ်လို့ကြေငြာထားပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ အရုဏ်မတက်မီ တရုတ်တင့်ကားတွေက ဆန္ဒပြသူတွေ ရှိနေတဲ့ ရင်ပြင်ထဲ လှိမ့်ဝင်လာပြီး တဲ့နောက်  ကျောင်းသားနဲ့အလုပ်သမားတွေရဲ့  ဆန္ဒပြပွဲကြီးဟာ အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒိဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေ အရေအတွက်ကိုတော့လက်ရှိအာဏာရ ကွန်မြူနစ်ပါတီက ၃၅နှစ်ကြာသည်အထိ ထုတ်ပြန်တာမရှိသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

Ref: Reuters

ပုံစာ။  ၁၉၈၉ ခုနှစ်က တီယန်မင် ရင်ပြင်မှာ ဆန္ဒပြနေတဲ့ ပြည်သူများ

Feature Image Credit: NPR

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *