တိုကျို၊ ဩဂုတ် ၃၀
တိုယိုတာ ကားကုမ္ပဏီဟာ ဇူလိုင်လမှာ ကမ္ဘာလုံးဆိုင်ရာရောင်းအား ၈ ရာခိုင်နှုန်းနဲ့ညီတဲ့ စံချိန်တင်ကားအစီးရေ ၈၅၉,၅၀၆ အထိ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင်လမှာပဲ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားတယ် လို့ ဆိုပါတယ်။
အခုအခါ တိုယိုတာဟာ ခြောက်လကြာ လည်ပတ်ပြီး ထုတ်လုပ်မှု ခုနစ်ခုအတွက် ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ထက်တစ်နှစ် အရောင်းမြှင့်တင်ခဲ့ပြီး၊ အရင်နှစ် COVID-19 ထိန်းချုပ်တွေက ပြန်လွတ်လာပြီး အခုလို အောင်မြင်မှုတွေကို တွေ့ရတာ ဖြစ်ပါတယ်။
ရောင်းချမှုနဲ့ ထုတ်လုပ်မှု ကိန်းဂဏန်းနှစ်ခုလုံးမှာ တိုယိုတာရဲ့ Lexus ဇိမ်ခံအမှတ်တံဆိပ် လည်း ပါတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာတော့ တိုယိုတာရဲ့ ဇူလိုင်လ ရောင်းအားက ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ရောင်းအားပိုအားကောင်းတယ်လို့ သိရပါတယ်။ ပြည်တွင်းရောင်းအားက ၃၅ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်မှာ ၈ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။
Ref: Reuters
Feature Image Credit: Toyota