တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)သီရိပျံချီ နာသိုက်လောန် (ခ) နိုင်သက်လွင် ကွယ်လွန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)သီရိပျံချီ နာသိုက်လောန် (ခ) နိုင်သက်လွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

၂၀၂၃စက်တင်ဘာလ ၂၀ ရက် ည ၇ နာရီကရန်ကုန်မြို့၊ကန်သာယာဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီးအသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သည်။

ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကိုမော်လမြိုင်သို့ သယ်ယူပြီးယနေ့ စက်တင်ဘာလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီတွင် မော်လမြိုင်၊ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်စဉ်တွင်ဇနီး မိကျာ်သီ(ခ)မိကျင်သန်း၊ သား သမီးများဖြစ်သော မင်းဗညားစန်း ၊ မိကွန်ချမ်း ၊ မင်းလဂွန်းအိမ်၊မင်းဗညားအောင် နှင့်မြေးများမိကောင်း န်စန်း၊ မင်းကောင်းလဝီစန်း- မိပြည့်ဖြိုးသန္တာ၊ မင်းကောင်းခန့် မင်းသန်းထိုက်အောင်၊ မိသက်နှင်းစု၊ မိမြမှူးအိန်၊ မင်းရှူညာဏ်၊ မင်းဗညားငြိမ်းချမ်း၊ မင်းဗညားညီချမ်းတို့ ကျန်ရစ်ခဲ့ကြကြောင်းသိရသည်။

‌ ကွယ်လွန်သူအားရည်စူး၍ မနက်ဖြန် စက်တင်ဘာလ ၂၃ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်၊ မြို့ရှောင်လမ်း၊ အမှတ်(73/A1) (တော်ဝင်ဟင်္သာ ဟိုတယ်ဝင်း)နေအိမ်၌ရက်လည်ဆွမ်းကျွေး တရားတော်နာ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *