တိုင်ဖွန်း ဆာအိုလာ ဟောင်ကောင်ကို ဝင်အပြီး တရုတ်နိုင်ငံ တောင်ပိုင်းကို  ဆက်ဝင်

ဟောင်ကောင်မှာ မုန်တိုင်းကြောင့် သစ်ပင်တချိုလဲနေတာကို တွေ့ရပုံ
Photo Credit: AFP

ဟောင်ကောင်၊ စက်တင်ဘာ ၁

ဆယ်စုနှစ်တွေထဲ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ တိုင်ဖွန်း ဆာအိုဟာဟာ ဟောင်ကောင်ကို အပြင်းအထန် တိုက်ခတ် အပြီး မှာတော့ တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်ဝင်နေတဘ်လို့ သိရပါတယ်။

ဟောင်ကောင်၊ ရှန်ကျန်းနဲ့ တခြားတရုတ်ပြည်တောင်ပိုင်းက မြို့ကြီးတွေက လူသန်းပေါင်းများစွာဟာ ဆိုင်ကလုန်း မုန်တိုင်း ရဲ့  အန္တရာယ်ကို သတိကြီးကြီး စောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါတယ်။

ဆာအိုလာဟာ အထူးအုပ်ချူပ်ရေးဒေသကိုဟောင်ကောင်ကို ပြင်းပြင်းထန်ထန် တိုက်ခတ်အပြီးမှာတော့ အဆင့်နည်းနည်း လျော့သွားတယ်လို့ တရုတ်မိုးလေဝသ ဌာနက ထုတ်ပြန်ပါတယ်။

ဆာအိုလာဟာ  ကာစီနိုလုပ်ငန်းရဲ့ အချက်အချာ မကာအိုတောင်ဘက် ဂွမ်ဒေါင်း Guangdong ပြည်နယ် ကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို  ၀င်ရောက်တဲ့ကြောင်း တရုတ်အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

တာဝန်ရှိသူတွေက  တရုတ်ပြည်နယ်နှစ်ခုမှာ လူပေါင်း ၈သိန်း ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဟောင်ကောင်မှာတော့ မိုးသည်းထန်လွန်းတာမို့ လမ်းတစ်လျှောက် သစ်ပင်အတော်များများလဲကြ ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟောင်ကောင်၊ မကာအိုနဲ့ကွမ်တုံပြည်နယ် အများစုရဲ့ မြေနိမ့်ပိုင်းဒေသကို ဝင်ခဲ့တဲ့ ဆာအိုလာတိုင်ဖွန်းဟာ ၁၉၄၉ ခုနှစ် နောက်ပိုင်း  ကုန်းတွင်းပိုင်းကိုဝင်တဲ့ အပြင်းထန်ဆုံး တိုင်ဖွန်း” လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းခဲ့တယ်လို့ သိရ ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေဟာ ဆာအိုလာ ကြောင့်  ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက ၁၆ ကြိမ်သာထုတ်ပြန်ခဲ့ဘူးတဲ့ မြိုရဲ့အမြင့်ဆုံး T10 အဆင့် အထူးသတိပေးချက်ကို စက်တင်ဘာ ၁ရက် သောကြာနေ့ညနေပိုင်းမှာ အဆင့်မြှင့်ခဲရတယ် လို့ လည်းသိရပါတယ်။

Ref: AFP

ပုံစာအညွှန်းမုန်တိုင်းအလွန် ဟောင်ကောင်မြို့လယ်မြင်ကွင်း
Feature Image Credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *