တိုင်ဖွန်းမုန်တိုင်း လန်ဘဲယား ဂျပန်ကျွန်းမကြီး အပေါ် တည့်တည့်ကို ရောက်နေ

ဂျပန်ကျွန်းမကြီးပေါ်ရောက်နေတဲ့ တိုင်ဖွန်းမုန်တိုင်း လန်ဘဲယား
Photo Credit:Reuters

တိုကျို၊ ဩဂုတ် ၁၄

ဂျပန်နိုင်ငံရဲ့  ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ဖြတ်လာတဲ့ တိုင်ဖွန်းမုန်တိုင်း လန်ဘဲယားဟာ ဩဂုတ်လ ၁၄ရက်မှာ ဂျပန်နိုင်ငံရဲ့ အလယ်ဗဟိုချက်အပေါ်မှာ ရောက်နေပြီလို့ တိုကျိုက လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိအခြေအနေကတော့ မိုးသည်းသည်းထန်ထန်ရွာနေပြီး  လှိုင်းလုံးကြီးတွေလည်း မြင့်တက်နေတဲ့အပြင် မြေပြိုတာ  ရေကြီးတာတွေ ဆက်တိုက်ဖြစ်နေတာမို့  အာဏာပိုင်တွေက သတိပေးချက်တွေ မပြတ် ထုတ်ပြန် နေရပါတယ်။

လာမယ့် အင်္ဂါနေ့ ဩဂုတ် ၁၅ရက် အစောပိုင်းမှတော့  ဟွန်ရှူးကျွန်းကို ဝင်တိုက်မယ့်လမ်းကြောင်းပေါ်ကို လန်ဘဲယားက ရောက်လာနိုင်တယ်လို့ မိုးဇလပညာရှင်တွေ က မှတ်ချက်ပေးထားပါတယ်။ လန်ဘဲယား ဝင်လာမယ့် အင်္ဂါနေ့ မနက် ၆ နာရီ ကစလို့  ၂၄ နာရီအတွင်း တချို့နေရာမှာ၄၀ စင်တီမီတာအထိ မိုးရွာဖို့ ခန့်မှန်းထားတယ်လို့  ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။

တချို့မြို့တွေမှာတော့လေပြင်းတိုက်ခတ်မှုက ၁၆၂ ကီလိုမီတာအထိရှိနိုင်ပြီး အင်္ဂါနေ့ ဟွန်ရှူးကို ဝင်တဲ့ အချိန်မှာတော့ ၁၈၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဆက်ပြီးလည်း မုန်တိုင်းဟာ တိုကျိုမြို အနောက်ဘက် ကီလိုမီတာ ၆၀၀ ခန့်အကွာကကီး ကျွန်းဆွယ်တောင်ဘက်စွန်းက ကုန်းတွင်းပိုင်းကိုလည်း  ဝင်ရောက်မယ်လို့ ခန့်မှန်းထာြပီး ဂျပန်နိုင်ငံရဲ့  အဓိကမြို့ကြီး ဖြစ်တဲ့ အိုဆာကာကိုလည်း ဝင်ရောက် ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ref: AFP

Feature Image credit: AFP

Leave a Reply

Your email address will not be published. Required fields are marked *