တိုက်ပွဲ ဂယက် လောက်ကိုင်မှာ ဆန်စျေးတက်

၁၀ နိုဝင်ဘာ၊၂၀၂၃

ရှမ်းပြည်နယ်၊လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြို့​တွင်းဆန်ဆယ်ပြည်ပါတအိတ်ကို ၆သိန်းကျပ်ထိပေးဝယ်နေရပြီး၊လိုအပ်သလောက်ဝယ်မရဘူးလို့ ဒေသခံအချို့က ပြောပါတယ်။

မြို့တွင်းကျန်ခဲ့သူများ ဆန်ဝယ်မရလို့ ခေါက်ဆွဲနဲ့ ရိက္ခာခြောက်တွေစားနေကြရတယ်လို့ ဒေသခံအချို့ကဆိုပါတယ်။

လက်ရှိအချိန် နေရပ်ပြန်မယ့်သူများလောက်ကိုင်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူများ စားဝတ်နေရေး ခက်ခဲနေပြီး၊ ၀” ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများ ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရတာကိုလည်း တွေ့ရပါတယ်။

ဝပြည် ပြင်ပဆက်ဆံရေးတာဝန်ခံရုံးက ဦးညီရမ်းကတော့ “စစ်ရှောင်များအား ကန့်သတ်လက်ခံခြင်းမျိုးလည်းမရှိပါ ။ဖုန်းတွေသိမ်းတယ် ဆိုတဲ့ကိစ္စ ခဏခဏ ဆက်သွယ်မေးလာကြပါတယ်။ မိမိတို့ UWSA “ဝ” တပ်ဖွဲ့မှ သိမ်းထားခြင်းမျိုးမရှိပါ ။သိမ်းစရာ အကြောင်းလည်းမရှိပါ။”ဝ”ပြည်မရောက်ခင် ဖြစ်ကြတဲ့ကိစ္စရပ်တွေပါ ။”ဝ”ပြည်အတွင်း ဖုန်းသိမ်းမှု နဲ့တခြားကိစ္စ ရပ်များရှိပါက ဆက်သွယ်လာကြပါ။”လို့ ပြောပါတယ်။

လောက်ကိုင်မြို့နယ်မှာ ဖုန်းလိုင်းတွေလဲ ပြတ်တောက်နေပြီး၊ တရုတ်ဖုန်းလိုင်းတခုသာ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

ညီနောင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ရခိုင်တပ် (AA)တို့ ​လက်ရှိဖော်​​ဆောင်နေတဲ့ စစ်ဆင်ရေးအခြေနေတွေကြောင့် လာရှိုး-လောက်ကိုင်နဲ့ မူဆယ်-လားရှိုး ပြည်ထာင်စုလမ်းမကြီးအသုံးပြုခွင့်ပိတ်ပင်ထားတာကြောင့် နေရပ်ပြန်လိုသူတွေ လမ်းမှာပိတ်မိနေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *