တိုက်ပွဲများဖြစ်ပွားနေ ​သောကြောင့် လုံခြုံရေးအခြေ အနေအရ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ကုန်သွယ် ရေးစခန်းတို့ကို တင်ပို့တင်သွင်းနေသည့် စ္စည်းများကိုပြောင်းလဲတင်ပို့ခွင့်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားနေသည့် တိုက် ပွဲများကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာ-တရုတ်နယ်စပ်က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းတို့မှတဆင့် တင်ပို့တင်သွင်းနေသည့် ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရရှိထားသောကုန်ပစ္စည်းများကို အခြားကုန်သွယ် ရေးစခန်းများနှင့်ပင်လယ်ရေကြောင်းခရီးတို့မှ ပြောင်းလဲတင်ပို့ခွင့်ပေးမည်ဖြစ်ကြောင်း ကုန် သွယ်ရေးဦးစီးဌာနမှ နိုဝင် ဘာ လ၉ရက်က အသိပေးကြညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အသိပေးကြေညာချက် အပြည့်အစုံမှာ

လတ်တလောလုံခြုံရေးအခြေအနေများအရ မြန်မာ -တရုတ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းတို့မှ တင်ပို့၊တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ ရှိပါသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့် နှေးကြန့်ကြာမှု မရှိစေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင် ခွင့်ပြုချက် ရရှိပြီးသောပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှ မဆို စခန်းပြောင်းလဲ တင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သကဲ့သို့ ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေး သွားမည်ဖြစ်ပါသည်။

အလားတူ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသောပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ -ထိုင်းနယ်စပ်ရှိ . အခြားမည်သည့်ကုန်သွယ်ရေးစခန်းမှမဆို စခန်းပြောင်းလဲခွင့်ပြု ပေးသွားမည်ဖြစ်ပြီး ပင် လယ်ရေကြောင်းမှ တင်သွင်းလိုပါက ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *