တိုက်ပွဲများဖြစ်နေတဲ့ ဆီဆိုင်မြို့အတွင်း ပစ္စည်းများ လိုက်လံခိုးနေတဲ့ သူခိုး၃ဦး ဖမ်းမိ

ဇန်နဝါရီလ၊ ၂၉

တိုက်ပွဲများဖြစ်နေတဲ့ ဆီဆိုင်မြို့အတွင်းပစ္စည်းများလိုက်လံခိုးယူနေတဲ့သူခိုး၃ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ၂၈ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်က ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုဆောင်ရွက်နေချိန်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

“ဖမ်းမိရတဲ့သူခိုးတွေကနည်းတယ်၊ ကကယ်တမ်းခိုးယူမေသူတွေသည်ထက်များတယ် တမြို့လုံးနီးပါးနေအိမ်တွေဖောက်ခံနေရတာခိုးယူသူတွေကိုထိရောက်ရောက်အရေးယူပပေးပါ”လို့ဆီဆိုင်မြို့ခံတဦးကပြောပါတယ်။

ဆီဆိုင်မြို့မှာသူခိုးတွေသောင်းကြမ်းပြီး၊နေအိမ်တွေ၊ဆိုင်ခန်းတွေဆီက တန်ဖိုးကြီးပစ္စည်းတွေ ကားတွေနဲ့တင်ပြီးခိုးယူနေကြတာလို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာပါ အိမ်ဖောက်ထွင်းတာခံနေရပြီး အိမ်စောင့်မရှိတဲ့နေအိမ်တွေနဲ့စျေးအပြင်ဖက်ဆိုင်ခန်းတွေကို ဖျက်စီးဖောက်ထွင်းခံနေရခံနေရတာ နေရာတိုင်းနီးပါးလို့ဆိုပါတယ်။

ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်များက ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး ရှောင်ပြေးနေရတယ်လို့ သိရပါတယ်။

ပအိုဝ်းဒေသ ထာဝရ လုံခြုံဘေးကင်းရေး ပြည်သူများလွတ်လပ်လုံခြုံစွာသွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါသော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင်လက်အောက်တွင် မိမိတို့ပြည်သူကို မစတေးနိုင်သဖြင့် ယခုနည်းလမ်းကိုရွေးချယ်ရခြင်းဖြစ်သည်။”လို့ပအိုဝ်းအမျိုးသာယလွတ် မြောက် ရေးတပ်မတော် (PNLA)က အသိပေးထားပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *