တိုက်ပွဲကြောင့် ရခိုင်ကစာစစ်ဌာနတချို့ စစ်တွေရွှေ့ပြောင်းဖို့ပြင်

၂၅ ဇန်နဝါရီ၊၂၀၂၄

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုကြောင့် စစ်တွေမြို့ ကိုရောက်ရှိနေတဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေစစ်တွေမြို့ပေါ်က နီးစပ်ရာ အထက်တန်းကျောင်းတွေမှာ ကျောင်းတက်နေကြလို့ရတယ်လို့ သိရပါတယ်။

“စစ်တွေမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်သံကြားရတယ်။သည်နေ့တော့ငြိမ်နေတယ်၊အချို့ကရန်ကုန်ကိုရှောင်နေကြတယ် စစ်တွေကတော့ စာမေးပွဲလာဖြေမယ့်သူတွေအများဆုံးလာကြတယ်”လို့ဒေသခံတဦးကပြောပါတယ်။

လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ မြို့တွေက စာစစ်ဌာန တစ်ချို့ကိုစစ်တွေတက္ကသိုလ်မှာ ဖွင့်လှစ်ပြီး ဖြေဆိုခွင့်ပြုမယ်လို့တော့ ပြည်နယ်ပညာရေးမှူးရုံးကသိရပါတယ်။

ပေါက်တောမြို့၊မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တက္ကသိုလ် ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူအချို့စစ်တွေမြို့ပေါ်ရောက်ရှိနေကြတာလို့ မြို့ခံအချို့ကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံ ထိန်းချုပ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *