၁၆ နိုဝင်ဘာ၊၂၀၂၃
လွိုင်ကော်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြားက၊ ကယ်ထုတ်လာတဲ့ကလေးငယ်ဆေးရုံရောက်ရှိလာပြီး ဆွေမျိုးတွေနဲ့အဆက်အသွယ်မရသေးဘူးလို့ကလေးငယ်ကို ကူညီပေးသူတွေက အသိပေးထားပါတယ်။
“ရေယိုရွာကကယ်ထုတ်လာတဲ့ကလေးမောင်ဖြိုးဝင်းဇော်(ဖြိုးဝေဇော်)ဘေးကင်းစွာနဲ့ဆေးရုံကိုရောက်ပါပြီ။သူ့အဖေကကံမကောင်းရှာဘူးဆုံးသွားပါပြီ၊မိသားစုဝင်များဆက်သွယ်ပေးပါဆိုပြီး”အကူညီတောင်းထားတာဖြစ်ပါတယ်။
ဒဏ်ရာရထားတဲ့ ကလေးငယ်ဟာသတိကောင်းစွာရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတဲ့ ပိတ်မိနေသော ပြည်သူများအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ၁၅ရက်နေ့က၊ လွိုင်ကော်တက္ကသိုလ်မှဝန်ထမ်း ၁၃၄ ဦးနဲ့မိသားစုဝင် ၆၄ ဦးကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကအသိပေးထားပါတယ်။
Visited 1 times, 1 visit(s) today