တိုက်ပွဲကြားကဆီဆိုင်မှာ သူခိုးတွေပေါနေ

တောမီးလောင် တောကြောင်လက်ခမောင်းခတ်တာဖြစ်

၂၆ ဇန်နဝါရီ၊၂၀၂၄

တိုက်ပွဲတွေဖြစ်နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာသူခိုးတွေသောင်းကြမ်းပြီး၊နေအိမ်တွေ၊ဆိုင်ခန်းတွေဆီက တန်ဖိုးကြီးပစ္စည်းတွေကို ကားတွေနဲ့တင်ပြီးခိုးယူနေကြတယ် လို့ မြို့ခံတွေကပြောကြပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာပါ အိမ်ဖောက်ထွင်းတာခံနေရပြီး အိမ်စောင့်မရှိတဲ့နေအိမ်တွေနဲ့ဈေးအပြင်ဖက်ဆိုင်ခန်းတွေကို သူခိုးတွေက အဓိက ဖျက်ဆီး ဖောက်ထွင်းနေကြတာဖြစ်ပါတယ်။

” တအိမ်လုံးစစ်ရှောင်နေကြရတာ။ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေဖောက်ခံရလို့ကုန်ပြီ၊ သယ်ရလွယ်တဲ့ပစ္စည်းတွေ ငွေနဲ့တန်ဖိုးကြီးပစ္စည်းတွေအဓိကထားခိုးနေတာလို့”လို့အိမ်အဖောက်ခံရတဲ့ မိသားစုဝင်သူတဦးက ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတာ တပတ်နီးပါးတာကြာသေးပေမယ့်ဖောက်ထွင်းခံရတာ၊ခိုးယူခံရတာတွေနေရာတိုင်းမှာရှိနေတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ဒေသခံအများအပြားဟာ တောင်ကြီးမြို့ဘက်ကိုရှောင်ပြေးနေရပြီ ပစ္စည်းတွေချန်ထားပြီး ပြေးခဲ့ရတာလို့ မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်မှာ မြန်မာတပ်မတော် နဲ့ PNO ကတဖက်၊ PNLA မဟာမိတ်တပ်တွေက တစ်ဖက် ၂၀၂၄ ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တစ်မြို့လုံး နီးပါး ရှောင်ပြေးနေရတယ်လို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(PNLA)ဘက်ကတော့ လုံခြုံမှုအားနည်းနေတဲ့ ဒေသကို လူဆိုး သူခိုး ဓားပြဘေးရန်ကနေ ကာကွယ်ဖို့အတွက် ဆိုပြီး လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေတာဖြစ်တယ်လို့ အသိပေးထားတာတွေ့ရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *