တိုက်တန်းနစ်လေ့လာရေး ရေငုတ်သင်္ဘော အဖြစ်ဆိုးနဲ့ ပတ်သက်ပြီး သတင်းအတုထွက်နေလို့ ဂျိမ်းစ် ကင်မရွန်း စိတ်ဆိုး

လော့စ် အိန်ဂျလိ့စ်၊ ဇူလိုင် ၁၇

တိုက်တန်းနစ်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်း တစ်ယောက် ပျက်စီးသွားတဲ့ လေ့လာ ရေးသင်္ဘော Ocean Gate ရဲ့ ပရောဂျက်တစ်ခုနဲ့ ပတ်သက်နေတယ် ဆိုတဲ့ သတင်းတုတွေ အင်တာနက်ပေါ်မှာ ထွက်ပေါ် လာတာမို့ အကြီးအကျယ်  ဒေါသထွက်နေတယ်လို့ သိရပါတယ်။

အော်စကာဆုရ  ဒါရိုက်တာ ကင်မရွန်းဟာ  ပြီးခဲ့တဲ့လက “ကပ်ဆိုးကြီးပေါက်ကွဲခြင်း” လို့ တင်စားခဲ့ရတဲ့ လူငါးဦး  စလုံး သေဆုံးခဲ့ရတဲ့ တိုင်တန်းနစ်လေ့လာရေး ပရောဂျက်တစ်ခုနဲ့ ပူပေါင်းလုပ်ဆောင်ဖို့ ရှိနေတယ် ဆိုပြီး တွစ် တာမှာ သတင်း တစ်ခု ပေါ်လာရာက စတာဖြစ်ပါတဘ်။

“မီဒီယာမှာ စော်ကားတဲ့ ကောလာဟလတွေကို ကျွန်တော် ပုံမှန်အားဖြင့် မတုံ့ပြန်ပါဘူး၊ ဒါပေမယ့် အခုတော့ ငြိမ်နေလို့ မရတော့လို့ပါ။ ဖြေရှင်းဖို့ ကျွန်တော် လိုအပ်ပါတယ်” ဆိုပြီး ကင်မရွန်းက  တွစ်တာမှာ ရေးတင် ခဲ့ပါတယ်။

ရုပ်ရှင်ရိုက်ကူးသူတစ်ဦးဖြစ်တဲ့ ကင်မရွန်းဟာ ဇာတ်ကားမရိုက်ကူးမီ  တိုက်တန်းနစ်ရဲ့ အပျက်အစီးတွေရှိတဲ့  အနက်ဆုံး ပင်လယ်ကြမ်းပြင်အထိ အကြိမ် ၃၀ကျော် ရေငုပ်ပြီး လေ့လာခဲ့ဖူးသူပါ။

ပြီးခဲ့တဲ့လက လူငါးယောက်ကို တင်ဆောင်ပြီး  ပင်လယ်ကြမ်းပြင်ဆီက  သမိုင်းဝင် တိုင်းတန်းနစ်င်္ဘော လေ့လာရေးယာဉ် Ocean Gateဟာ  ရေအောက်မှာပဲပျက်ဆီးခဲ့တာမို့ လိုက်သွားတဲ့သူ အားလုံး အသက်ဆုံးရှုံးခဲ့ကြရ ပါ တယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တိုင်တန်းနစ်ဆီကို အကြိမ်အများကြီး ရောက်ခဲ့ဖူးတဲ့ ဂျိမ်းစ် ကင်မရွန်းရဲ့ သုံးသပ်ချက်ကတော့ “ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပုံရတယ်” လို့ ဆိုကြောင်းပါ။

Ref:CNN

Photo ceedit: Pat Martin / For The Times; Anadolu Agency via Getty Images

Leave a Reply

Your email address will not be published. Required fields are marked *