ဘယ်တော့မှ မနစ်မြုပ်စေရဘူးလို့ ဗြိတိသျှ အင်ဂျင်နီယာတွေ ပြောခဲ့ဖူးတဲ့တိုက်တန်းနစ် သငေ်္ဘာကြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့သလို အလွန် ဘေးကင်းလုံခြုံပြီး စိတ်ချရတယ်ဆိုတဲ့ တိုက် တန်ရေငုတ်သငေ်္ဘာငယ်ဟာလိုက်ပါ သွား သူငါးဦးစလုံးကို သမုဒ္ဒရာကြမ်းပြင် ပေါ်မှာ အသက်ဇီဝိန်ချုပ်စေခဲ့ပါတယ်။
ဇွန် ၁၈ရက်က တိုက်တန်းနစ် သငေ်္ဘာ ပျက်ကြီးကို အနီးကပ်ကြည့်ဖို့ သမုဒ္ဒရာတံ ခါးရဲ့ ရေငုတ်သငေ်္ဘာငယ်ပေါ် စီးနင်း လိုက်ပါသွားတဲ့ အဲဒီကုမ္ပဏီရဲ့ပိုင်ရှင်နဲ့ အမှုဆောင်အရာရှိချုပ် အသက်၆၁နှစ် အရွယ် စတော့ခ်တန် ရပ်ရှ်၊ အသက်၄၈ နှစ်အရွယ် ပါကစ္စတန်နွယ်ဖွား ဗြိတိသျှ လုပ်ငန်းရှင်သန်းကြွယ်သူဌေး ရှားဇဒါ ဒါဝုဒ်၊ သူ့သား အသက်၁၉နှစ်အရွယ် ဆူ လေမန်ဒါဝုဒ်၊ အသက်၅၈နှစ်အရွယ် ဗြိတိသျှလူစွန့်စား ဟာမစ်ရှ် ဟာဒင်း နဲ့ အသက်၇၇နှစ်အရွယ် မာလိန်မှူးပေါလ် ဟင်နရီနာဂျီယိုလက်တို့ ငါးဦးဟာ တိုက် တန်းနစ်သငေ်္ဘာပျက်ကြီးအနီး တစ်စစီ ပျက်စီးသွားတဲ့ တိုက်တန်ရေငုတ်သငေ်္ဘာ ငယ်နဲ့အတူ ဘဝဇာတ်သိမ်းသွားခဲ့ကြပါ တယ်။
အဲဒီရေငုတ်သငေ်္ဘာငယ်ဟာပြင်ပရေဖိအားကိုမခံနိုင်လို့ ပေါက်ကွဲပျက်စီးသွားဖြစ်ပြီး အ ပိုင်းအစ(၅)ခုကို တိုက်တန်းနစ် သငေ်္ဘာ ပျက်ကြီးနဲ့ ပေ ၁၆၀၀လောက်အကွာမှာ ရှာ တွေ့ခဲ့တာဖြစ်တယ်လို့ အမေရိကန်ကမ်းရိုး တန်းစောင့်တပ်ဖွဲ့အကြီးအကဲ ဂျွန်မော်ဂါက ဇွန်၂၃မှာအတည်ပြုပြောကြားတယ်။
Ref: BBC