
Photo credit: Aposprothe.ua
အင်္ဂလန်၊ ဧပြီ ၂၁
အသက်၁၁၁နှစ် နဲ့ ၂၂၄ ရက် အရွယ်ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန်က ဂျွန် အဲလ်ဖတ် တင်းနစ်ဝုဒ် ဟာ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။
ဂျွန့်ရှေ့မှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်စာရင်းဝင်ဟောင်း ဗင်နီဇွဲလား နိုင်ငံသား ဟွန် ဗင်းဆင့် ပီရက် ဆိုသူ အသက် ၁၁၁ နှစ် ၃၁၁ ရက် အရွယ်မှာ ကွယ်လွန်ပြီးတဲ့နောက် အခုအချိန်မှာ ဂျွန် အဲလ်ဖတ်က ကမ္ဘာ့အသက်အကြီးဆုံး နေရာကို ရလာခဲ့တာ ဖြစ်ပါတယ်။
ဂျွန်ကတော့ အသက်ရှည်ခြင်းရဲ့ အခြေခံ အကြောင်းတရားတွေက ဆေးလိပ်မသောက်တာ၊ အရက်အလွန်အကျွံ မသောက်တာ၊ အစားအများကြီး မစားတာ၊ လမ်းလျှောက်တာ စတဲ့ အချက်တွေ အရေးပါတဲ့အကြောင်း ဂင်းနစ်အဖွဲ့ရဲ့ အသိမျတ်ပြု့လက်မှတ်ကို လက်ခံခဲ့တဲ့နေ့မှာ ပြောခဲ့ပါတယ်။
၁၉၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က အင်္ဂလန်အနောက်မြောက်ပိုင်း လီဗာပူးမြိုမှာ မွေးဖွားခဲ့တဲ့ ဂျွန်ဟာ ကမ္ဘာစစ်ကြီးနှစ်ခုအပြင် တုပ်ကွေးရောဂါနဲ့ ကိုဗစ်ကပ်ရောဂါ ကာလတွေကို ဖြတ်သန်းခဲ့ရပြီး ဒုတိယကမ္ဘာစစ်အတွင်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး စစ်ပြန်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။
ဂျွန်က လီဗာပူးဘောလုံးအသင်းရဲ့ တစ်သက်တာအမာခံပရိသတ်တစ်ယောက် ဖြစ်သလို လိဂ်ဖလား ဆယ့်ကိုးကြိမ်နဲ့ အက်ဖ်အေဖလား ရှစ်ကြိမ်စလုံးကို ဖြတ်သန်းနေထိုင်ခဲ့တာ ဖြစ်ပါတယ်။
အဖိုးအိုဟာ လက်ရှိ အင်္ဂလိပ်ပင်လယ်ကမ်းစပ်မြို့ စောက်သ်ပို့က ပြုစုစောင့်ရှောက်ရေးဂေဟာမှာ နေထိုင်လျက်ရှိပါတယ်။
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကတော့ အသက် ၁၁၇ နှစ်အရွယ် မာရီယာ ဘရန်ရပ်စ် မိုရေးယာ ဖြစ်ပြီး စပိန်နိုင်ငံမှာ နေထိုင်လျက်ကြောင်း သိရပါတယ်။
Ref: CNN
ပုံစာ။ အဘိုး ဂျွန် အဲလ်ဖတ် ကို ဆုတံဆိပ် လက်ခံအပြီး တွေ့ရပုံ
Feature Image credit: Guinness World Records via Reuters



