တိုက်တန်ရေငုတ်သငေ်္ဘာငယ်ပေါက်ကွဲမှုနှင့် တိုက်တန်းနစ်သဘ်ောနစ်မြုပ်မှု ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် နှိုင်း ယှဉ်ပြောကြား

တိုက်တန်းနစ်ဇာတ်ကားရိုက်ကူးတင်ဆက်ခဲ့တဲ့ရုပ်ရှင်ဒါရိုက်တာ ဂျိမ်းစ်ကင် မရွန်ဟာ လွန်ခဲ့တဲ့ဇွန် ၁၈ရက်က မြောက် အတ္တလန္တိတ်သမုဒ္ဒရာကြီးအောက်မှာပေါက်ကွဲပျောက်ဆုံးသွားတဲ့ အမေရိကန် အခြေစိုက် တိုက်တန်ရေငုတ်သငေ်္ဘာ ငယ်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ လူငါးဦး အတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

တိုက်တန်ရဲ့ခရီးစဉ်အကောင်အထည်မဖော်ခင်နှစ်အနည်းငယ်ကြာကတည်းက နည်းပညာကျွမ်းကျင်သလောက် ဘေးကင်း လုံခြုံမှုနဲ့ပတ်သက်ပြီး သိပ်အလေးမထား တတ်တဲ့ စတော့ခ်တန်ရပ်ရှ်ကို သူသတိပေးခဲ့ဖူးတဲ့အကြောင်း တိုက်တန်းနစ် သငေ်္ဘာပျက်ကြီးရှိရာကို ၃၃ကြိမ် ရောက် ဖူးခဲ့တဲ့ ဒါရိုက်တာဂျိမ်းစ်ကင်မရွန်က ထုတ်ဖော်ပြောကြားတယ်။

တိုက်တန်မှာ ကျွန်တော် နည်းပညာ အစဉ်အလာကိုချိုးဖောက်ပြီး လုပ်ထား တာရှိတယ်လို့ သတင်းမီဒီယာကတစ်ဆင့် အများသိအောင် စတော့ခ်တန်ရပ်ရှ်ကတ ရားဝင်ပြောခဲ့ပြီးသားလည်းဖြစ်ပါတယ်။

အဲဒါကတခြားမဟုတ်ဘူး။ တိုက်တန်းနစ် သငေ်္ဘာပျက်ကြီးကိုကြည့်တဲ့အခါ ကြားခံ အဖြစ်ထားရှိမယ့် မှန်ကို ဖန်သားနဲ့မဟုတ် ဘဲ ၇လက်မထူတဲ့ အခရိုင်းလစ်သားနဲ့ပြု လုပ်ထားခြင်းပဲဖြစ်တယ်။

တိုက်တန်းနစ်သဘ်ောကြီးနစ်တုန်းက ရှေ့ မှာရေခဲတုံးကြီးတွေ့တယ် သတိထားမှ ဖြစ် မယ်လို့ ပြောတဲ့ကြားက မာလိန်မှူးက အရှိန ်မြှင့်ပြီး အတင်းဝင်တိုက်လိုက်လို့ နစ်မြုပ် ခဲ့ရတယ်။ တိုက်တန်ရေငုတ်သငေ်္ဘာပေါက်ကွဲတာလည်း သူသတိပေးတာကို စတော့ခ်တန်ရပ်ရှ်လစ်လျူရှုခဲ့လို့ ကံဆိုးခဲ့ရတာလို့ထင်မြင်ယူဆမိကြောင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂျိမ်းစ်ကင်မရွန်က ပြောကြားတယ်။

Ref; BBC

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *