
Photo Credit: Reinhold Matay//USA TODAY Sports/Reuters
ကယ်လီဖိုးနီးယား၊ ဖေဖေါ်ဝါရီ ၁၀
လာမယ့်အပတ်မှာ ကျင်းပတော့မယ့် The Genesis Invitational ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြန်လည်ဝင်ယောက်လာဖို့ အသင့်ပြင်နေပါတယ် ဆိုပြီး တိုက်ဂါး ဝုဒ်က ဖေဖေါ်ဝါရီ ၁၀ရက် သောကြာနေ့မှာ ကြေညာလိုက် ပါ တယ်။
တွစ်တာပို့စ်တစ်ခုမှာတော့ ဝုဒ်က “ကျနော် လာမယ့်အပတ် ACTUAL PGA Tour ပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ “ ဆိုပြီး ရေးတင်လိုက်ပါတယ်။
အဲ့ဒိပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လက ကစားခဲ့တဲ့ Open Championship နောက်ပိုင်း တိုက်ဂါး ဝုဒ့်အတွက် အသက် ၄၇နှစ်အရွယ်မှာ ယှဥ်ပြိုင်မယ့် ပထမဆုံးတရားဝင်ပြိုင်ပွဲ တစ်ပွဲလည်း ဖြစ်သလို ၂၀၂၀ အောက်တိုဘာမှာ ပြိုင်ခဲ့ တဲ့ ZOZO ချန်ပီယံရှစ်နောက်ပိုင်း ပထမဆုံး PGA Tour ပွဲစဉ်လည်း ဖြစ်ပါတယ်။
ဝုဒ့်ကို ဒီဇင်ဘာလက သူ့ရဲ့သား ချာလီ နဲ့ TNT ၂၀၂၂ ရဲ့ The Match မှာလည်း အတူတွဲ ကစားခဲ့တာ တွေ့ခဲ့ ရပါသေး တယ်။
အခု ဝင်ရောက်ယှဥ်ပြိုင်မယ့် Genesis Invitational ပြိုင်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ပစစ်ဖိတ် ပါလာစေ့ က ရေဗီ အဲယား ကန်းထရီးကလပ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၉ ရက်အထိ ကျင်းပသွားမှာလို့ သိရပါတယ်။
Ref:CNN
တိုက်ဂါး ဝုဒ် ကိုယ်ရေးအကျဥ်း
အမည်ရင်း အဲလ်ဒရစ် တန့် ဝုဒ် ဖြစ်ပြီး နာမည်ပြောင်ကတော့ ဝုဒ့်ပါ။ ၁၉၇၅ခုနှစ်က အမေရိကန်နိုင်ငံမှာ မွေးဖွား ပါ တယ်။ အရပ်က ၆ပေ ၁လက်မ အမြင့်ရှိသူပါ။ ၂၀၂၃ခု အထိ ကမ္ဘ့ာအဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးတွေအပါ အဝင် ပြိုင်ပွဲ ပေါင်းစုံမှာ ဂေါက်သီးအားကစားကြေးစားဆုတံဆိပ်ပေါင်း ၁၁၀ ရရှိထားပြီး ကမ္ဘာ့ အဆင့်(၁) ဂေါက်သီးချန်ပီယံ နေရာကို အချိန်အတန် ကြာ စိုးမိုး သိမ်းပိုက်ထားနိုင်ခဲ့သူ ကမ္ဘာထိပ်တန်းအကျော်အမော်ဂေါ်လဖာ တစ်ယောက်လည်း ဖြစ်ပါတယ်။