တိုက်ခိုက်ခံရတဲ့ခရိုင်းမီးယားတံတားပေါ် မှာယာဉ်သွားလမ်းကြောတစ်ကြောပြန်ဖွင့်လိုက်ပြီ

ကာ့ချ်ရေလက်ကြားကိုဖြတ်ကျော်တည်ဆောက်ထားတဲ့ ခရိုင်းမီးယားတံတားတိုက်ခိုက်ခံရပြီးနောက်တစ်ရက်မှာ တံတား ပေါ်က ယာဉ်သွားလမ်းကြောတစ်ကြောကို ပြန်ဖွင့်လိုက်ပြီလို့ ရုရှားအစိုးရက ဇူလိုင် ၁၈မှာ ထုတ်ပြန်ကြေညာတယ်။

ယူကရိန်းဖက်က လွှတ်လိုက်တဲ့ ဒရုန်း တွေနဲ့ ခရိုင်းမီးယားတံတားကို တိုက်ခိုက်တာ အားလပ်ရက်အပမ်းဖြေခရီးထွက်လာတဲ့ လင်မယားနှစ်ဦးသေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားဖက်က အတည်ပြုသတင်းထုတ်ပြန်ခဲ့တယ်။

ယူကရိန်းဖက်က အဲဒီလို အရပ်ဖက်သုံး တံတားကိုပစ်မှတ်ထားပြီးတိုက်ခိုက်တာ ဟာအကြမ်းဖက်မှုကျူးလွန်တာဖြစ်တယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က စွပ်စွဲ ပြောဆိုရှုတ်ချလိုက်တယ်။ ရုရှားတပ်က ယူကရိန်းကို လက်တုန့်ပြန်တိုက်ခိုက်သွား မယ်လို့လည်း သူကပြောကြားတယ်။

ဗလာဒီမာပူတင်ပြောကြားပြီးတဲ့နောက် ဩဒက်ဆာနဲ့ အခြားတောင်ပိုင်းမြို့တွေမှာ ရုရှားဖက်က ဒရုန်းတွေလွှတ်ပြီး ညဖက် တိုက်ခိုက်လာနိုင်တယ်လို့ ယူကရိန်းလေ တပ်က ကြိုတင်သတိပေးထားတယ်။

ခရိုင်းမီးယားတံတားကို မိမိတို့တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ယူကရိန်းဖက်ကတော့ တရားဝင်အတည်ပြုခြင်းမရှိသေးဘူး။ ယူ ကရိန်းလုံခြုံရေးအဖွဲ့တစ်ဖွဲ့ကတော့ ဘီဘီစီ ရုရှားအသံလွှင့်အစီအစဉ်ကို သူတို့ တိုက် ခိုက်ခဲ့တာလို့ ဝန်ခံခဲ့တယ်။

၂၀၁၄ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းယူပြီးတဲ့နောက် နှစ်ဖက် ဆက်သွယ် သွားလာရေးအဆင်ပြေစေဖို့ ကာ့ချ်တံတားလို့ လည်းအမည်ရတဲ့ အဲဒီတံတားကြီးကို တည်ဆောက်ပြီး၂၀၁၈ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *