တိုက်ကြီးမြို့နယ်က ယာယီရေဘေးရှောင်စခန်းမှာအစားအ သောက်၊ရေနှင့်ဆေးဝါးများ လိုအပ်နေ

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဥက္ကံရွာမ မူလွန်ကျောင်းနှင့်တိုက်ကျောင်း ဘုန်းကြီးကျောင်းတို့မှာ ဖွင့်လှစ်ထားတဲ့ ယာယီရေဘေးရှောင်စခန်းမှာ အစားအသောက်၊ရေနှင့်ဆေးဝါးများလိုအပ်နေတယ်လို့ အောက်တိုဘာလ ၈ရက်ညပိုင်းက မြန်မာနိုင်ငံကြက်​ခြေနီအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာလပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အောက်တို ဘာလ၇ရက်နေ့က တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင်ချောင်းရေမြင့်တက်လာခြင်း၊ တောင်ကျရေများပြားလာခြင်းတို့ကြောင့် မင်းရဲကျော်စွာရပ်ကွက်၊ ကန်ဇွန်းအင်းရွာသစ်၊ ကန်ဇွန်းအင်းရွာဟောင်း၊ ဥက္ကံရွာမကျေးရွာအုပ်စုမှ ညောင်ဝိုင်းကျေးရွာတွေမှာ ရေကြီးနစ်မြှုပ်မှုတွေရှိခဲ့တာကြောင့် ရေ ဘေးသင့်ပြည်သူတွေကို ယာယီရေဘေးရှောင်စခန်းနဲ့ရေ ဘေးလွတ်နေရာတွေကို ဥက္ကံမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူး ပေါင်းရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

“ရေတွေက တအားများတော့ ဥက္ကံရွာမ မူလွန်ကျောင်းနှင့် တိုက်ကျောင်း ဘုန်းကြီးကျောင်းတွေမှာ ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ပြီးရေလွှမ်းသွားတဲ့ ကျေးရွာနဲ့ ရပ်ကွက်တွေက ပြည်သူတွေကို ရွှေ့ပြောင်းပေးပြီး လိုအပ်တာတွေ ကျွန်တော်တို့ တစ်နေ့လုံး ကူညီခဲ့ပါတယ်။ ည(၁၀)နာရီလောက်မှပြီးတယ်။ လူတွေကတော့ရာနဲ့ချီတယ်။ အဲ့ဒီ အချိန်မှာပဲ အိုင်ကြီးကျေးရွာကလည်း ရေလွှမ်းတာ များလာလို့ အကူအညီတောင်းတာနဲ့ကျွန်တော်တို့ ရွှေ့ပြောင်းတာ တွေ ကူညီပေးခဲ့ပါတယ်။ဒီနေ့မှာလည်း ကျန်နေသေးတဲ့ အိမ်ထောင်စုတွေထဲက(၅၀)ခန့်ကို ယာယီရေဘေးရှောင်စခန်းကိုရွှေ့ပြောင်းပေးပြီး ကျန်တဲ့ အိမ်ထောင်စု(၁၀၀)စု လောက်ကိုတော့ နီးစပ်ရာမှာရှိတဲ့ သူတို့ရဲ့ဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့ ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့အသင်းခွဲငယ်က အင်အား(၁၀)ဦးနဲ့ အခြားလူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းတာတွေအပြင် စားသောက်ဖို့ စီစဉ်ပေးတာတွေနဲ့ လိုအပ်တဲ့ ရှေးဦးပြုစု ကူညီတာတွေကို ဆောင်ရွက်ပေးနေကြပါတယ်” လို့ကြက်ခြေနီစေတနာလုပ် အားရှင်ကိုဖြိုးသီဟက ပြောပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *