တိုက်ကြီးက အလှမွေးငါးကန်၏ ငါးများ သေဆုံးမှု ရေနမူနာ စစ်ဆေးတွေ့ရှိ ချက် ထွက်ပေါ်လာ

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း မေလ၂၂ရက်နေ့ကအလှမွေးရွှေငါးများ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းကနေ ရေနမူနာစမ်းသပ်စစ်ဆေးတွေ့ရှိချက်မှာ “နိဗ္ဗာန်ချမ်းသာအသင်းရုံး ငါးကန်ရေ နမူနာရဲ့ အရည်အသွေးများကို ငါးမွေးမြူရန် အတွက် သင့်တော်သောစံနှုန်းနှင့် နှိုင်းယှဉ်ကြည့်ရာတွင် Dissolved Oxygenအောက်ဆီဂျင်ပျော်ဝင်မှုနှုန်း) မှာ သတ်မှတ်စံနှုန်းအောက် အနည်းငယ် ကျဆင်းနေသော်လည်း ငါးများသေဆုံး နိုင်လောက်သည့် အခြေအနေမျိုးမရှိသည် ကိုတွေ့ရှိရပါသည်။

ကျန်အရည်အသွေးများမှာ သတ်မှတ်စံနှုန်းအတွင်းရှိသည်ကို တွေ့ရှိရ ပါသည်။(Dissolved Oxygen) အောက်ဆီဂျင် ပျော်ဝင်နှုန်း တိုင်းတာရာ တွင် ကန်၌တိုက်ရိုက် တိုင်းတာရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

အောက်ဆီ ဂျင်ပျော်ဝင်မှုနှုန်း မြင့်မားလာစေရန်အတွက် ကန်အတွင်းပေါက်နေသော အပင်များအား ဖယ်ရှားပေးခြင်း၊ ကန်အတွင်းသို့ လေ ပေးခြင်း (သို့)ရေပန်းချပေးခြင်း(သို့) ရေ သစ်သွင်းပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက O..GEN-TABကို တစ်ဧက၊ တစ်မီတာ အနက်တွင် 500g နှုန်း ထည့်သွင်းပေးပါက ရေ၏အရည်အသွေး ပိုမိုကောင်းမွန် လာမည်ဖြစ်ပါသည်။

(Dissolved. Oxygen) အောက်ဆီ ဂျင် ပျော်ဝင်နှုန်း တိုင်းတာရာတွင် ကန်၌ တိုက်ရိုက် တိုင်းတာရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်´´ဟူ၍ ဖြစ်ပါသည်။

ငါးများသေဆုံးနဲ့ပတ်သက်ပြီး တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ဦးမြဝင်းမှ“Oxygen ကျတာလက်ခံပါတယ်။ကန်သက်-ငါးသက် (၇)နှစ်ရှိပါပြီ။မီးသတ်ကန်ဖြစ်နေလို့တစ်ကြိမ်တစ်ခါမှရေမလည်ဖြစ်ပါ။

ငါးနမူနာသွားပို့စဉ်ငါးအမြီးနဲ့ကိုယ်တွေမှာparasite တွေရှိတာကိုပြပါတယ်။အဖြေရရင်တင်ပြပါ့မယ်။တခုစိတ်ထဲထင့်နေတာ အဆိပ်ခတ် သလိုတခါတည်း ကောင်ရေလေးသောင်း ကျော်သေတာမို့ပါ´´ဟုပြောသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *