တားမြစ်ထားတဲ့ ငါးမန်းဖြူတစ်ကောင်ကို ချက်စားပြခဲ့တဲ့ နာမည်ကြီးတရုတ် ဘလော့ဂါ ဒဏ်ငွေ ဒေါ်လာ ၁၈၆၀၀ ချခံရ

 ချက်ပြုတ်ပြမယ့် ငါးမန်းကြီးနဲ့ ယှဥ်တွဲဓါတ်ပုံရိုက်ပြထားတဲ့ပုံ  
Photo: Screenshot Douyin

ဘေကျင်း၊ မတ် ၆

တရုတ်နိုင်ငံမှာ  ထိန်းသိမ်းကာကွယ်ထားတဲ့ ငါးမျိုးစိတ်ဝင်  ငါးမန်းဖြူကြီးတစ်ကောင်ကို ကိုယ်တိုင် ချက်ပြုတ် စားပြတဲ့ ဗီဒီယိုတစ်ခု ၂၀၂၂ ဇူလိုင်က  အွန်လိုင်းပေါ်မှာ  ပျံ့နှံ့ခဲ့ပါတယ်။ နောက်တော့ ကာယကံရှင်ဖြစ်တဲ့  အမျိုးသမီးဘလေ့ဂါ တီဇီ ကို အများက ဝိုင်းပစ်တင်ရှုံ့ချ ခံခဲရတဲ့ အပြင် သက်ဆိုင်ရာက တရားစွဲဆိုခဲ့ပါတယ်။  အခုတော့ တီဇီ အမှုကို  ၂၀၂၃ မတ်လ ၃ရက်နေ့က ထောင်ဒဏ်မချဘဲ ငွေဒဏ်  ယွမ် ၁၂၅,၀၀၀ ( အမေရိကန်ဒေါ်လာ ၁၈,၆၀၀) ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သူရဲ့ တိုက်ရိုက်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ  သူနဲ့ အရွယ်အစားအတူတူလောက်ရှိတဲ့  ငါးမန်းဖြုတစ်ကောင်ကို ပြပြီး ချက်ပြုတ် စား သောက်ခဲ့ပါတယ်။

ဗီဒီယိုက အွန်လိုင်းမှာ ပျံ့သွားပြီးတဲ့နောက် ဝေဖန်သံတွေ မြင့်လာပြီး နောက်ဆုံးတော့ တီဇီ့ ကို သက်ဆိုင်ရာ ပြဌာန်းချက် တွေကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်ခဲ့ပါတယ်။

တီဇီရဲ့ ထွက်ဆိုချက်တွေအရ သူဟာ အဲ့ဒိငါးမန်းကို ၂၀၂၂ခုနှစ် ဧပြီလမှာ အွန်လိုင်းကနေတစ်ဆင့် ယွမ်၇၇၀၀( ကန်ဒေါ်လာ ၁၁၅၀)နဲ့ ဝယ်ခဲ့တဲ့အကြောင်း ပြောပါတယ်။ ဒိနောက်၂၀၂၂ ဇူလိုင်မှာတော့ သူကိုယ်တိုင် ချက်ပြုတ်စားပြတဲ့ ဗီဒီယိုကို အင်တာနက် ပေါ် တင်လိုက်တာ ဖြစ်ပါတယ်။

သူနေထိုင်တဲ့ စီချွမ် ပြည်နယ်၊ နန်ချောင်ရဲတပ်ဖွဲရဲ့ သက်သေထွက်ချက်အရ  ဗီဒီယိုထဲမှာပါတဲ့ ငါးမန်းဟာ တကယ့်ငါးမန်ဖြူ အစစ်တစ်ကောင် ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ငါးမန်းဖြူတွေဟာတရုတ်နိုင်ငံ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေအောက်မှာ အကာအကွယ်ပေးထားတဲ့ မျိုးစိတ်တွေ ဖြစ်ပြီး မကြာသေးတဲ့ နှစ်တွေကစပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တွေက နိုင်ငံတစ်ဝန်း သိသိ သာသာ အားကောင်းလာခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ တီဇီကို အပြီးသတ် အမိန်ချပြီး ဒဏ်ငွေ ပေးဆောင်စေခဲ့သလို သူ့ကို ငါးမန်းရောင်းခဲ့တဲ့ ငါးဖမ်းသမား နှစ်ယောက်ကိုလည်း ဖမ်းဆီးအရေးယူခဲ့ တယ်လို့ သိရပါတယ်။

တချို့တက်ကြွလှုပ်ရှားသူတွေကတော့ တီဇီ့ကို ပေးတဲ့ ပစ်ဒဏ်ဟာ လျှော့ပေါ့လွန်းတယ် ဆိုပြီး ဝေဖန်နေကြပါတယ်။ အမှန် က ထောင်ဒဏ်နဲ့ထိုက်တန်တယ်လို့ ပြောဆိုသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Ref: CNN

 ငါးမန်းသားကို စာပြနေတဲ့ တီဇီ 
Phgoto Credit: Weibo /Alamy
 
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *