တာမွေမှာ အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အမှုရဲ့ သံသယရှိ တရားခံအမျိုးသားအချို့ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ ဓမ္မစိန္တာလမ်းရှိ ၈ လွှာတိုက်ခန်းအတွင်းမှာ အမျိုး သမီးနှစ်ဦးကို ဓားနဲ့ထိုးပြီး သတ်ဖြတ်ခဲ့တဲ့အမှုရဲ့ သံသယရှိ တရားခံအမျိုးသားအချို့ကို အောက် တိုဘာလ၂၀ရက်နေ့ညနေပိုင်းက ဖမ်းမိခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသမီးနှစ်ဦးမှာ အသက်၆၂နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမ ဒေါ်မေရီတင့်နဲ့အသက်၄၆ နှစ်အရွယ်ကုမ္ပဏီဝန်ထမ်းဒေါ်မေစန္ဒာထွေးဆိုသူတို့ဖြစ်ကြပြီး သံသရရှိဖွယ်တရားခံအမျိုးသားအချို့မှာ လူ သတ်မှုဖြစ်ပွားရာနေအိမ်မှာ ဝင်ထွက်သွားလာနေသူ လက်သမားများဖြစ်ပြီး အမျိုးသမီးနှစ်ဦးကို သတ်ပြီးနောက် နေအိမ်အတွင်းကနေ ပိုက်ဆံများ၊ရွှေထည်များနဲ့လက်ဝတ်ရတနာများကို လုယက်ယူဆောင်သွားခဲ့ကြတာလို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *