ရွှေထည်မျိုးစုံ ၁၉ကျပ်သားနဲ့ကျပ်သိန်း၆၅၀ကို ဓါးပြအဖွဲ့က ယူဆောင်သွား
ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ် ကွက်၊ ပုညဝတီလမ်းက ရွှေဆိုင်တစ်ဆိုင် မေလ၁၁ ရက်၊ညနေ၃ နာရီခွဲခန့်က ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓါးပြတိုက်ခံရမှုဖြစ်စဥ်မှာ မေလ ၁၁ ရက်၊ညနေ၃နာရီခွဲခန့်က တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ်ကွက်၊ ပုညဝတီလမ်းက TK ရွှေဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက ဆိုင်သိမ်းနေချိန် အမည်မသိလူ၃ဦး ဘက္ထရီဆိုင်ကယ်နဲ့ရောက်ရှိလာပြီး ဆိုင်ထဲဝင်ရောက်ကာ သေနတ်(အတို) ထုတ်ပြချိန်းခြောက်ပြီး ဆိုင်ရှင်ဖြစ်သူဆီက ရွှေထည်မျိုးစုံ ၁၉ကျပ်သားနဲ့ကျပ်သိန်း ၆၅၀ကို ယူဆောင်ပြီး ဆိုင်ထဲကနေပြန်အထွက် ဆိုင် ရှင် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံရာ ဓါးပြအဖွဲ့မှာ သူတို့စီးလာတဲ့ ဘက္ထရီဆိုင်ကယ်ကိုထားခဲ့ပြီး ရွေထည်ပစ္စည်းများနဲ့ငွေကိုယူဆောင်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
Photo- ရွေဆိုင်တစ်ဆိုင်ခင်းကျင်းပြသထားပုံ



