တာမွေမြို့နယ်မှာ လမ်းလျှောက်လာသူ နှစ်ယောက်ဆီက အိုက်စ်တွေနဲ့စိတ်ကြွရူး သွပ်ဆေးပြားတွေ ဖမ်းမိ

  • မူးယစ်တပ်ဖွဲ့က သတင်းအတိအကျ ရရှိခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်

ရန်ကုန်၊ မတ်၂၆

ရန်ကုန်မြို့၊တာမွေမြို့နယ်၊တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းမှာ မတ်လ၂၆ ရက် နံနက်၁၁နာရီခွဲက လမ်းလျှောက် လာသူ အမျိုးသားနှစ်ယောက်ဆီကနေ အိုက်စ် တွေနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိခဲ့တဲ့မူးယစ်ဆေးဝါးတွေကတော့ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၈၇၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၁၇.၅ သိန်း)နဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၅၇၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃၅.၇ သိန်း)တို့ ပဲဖြစ် ပါ တယ်။

ဖမ်းဆီးခံခဲ့ရသူနှစ်ယောက်ကတော့ ရဲထက် နိုင်(ခ)ကိုထွေး(၃၄နှစ်)နဲ့ဝင်းမင်းထွေး(ခ) ကိုထွေး(၂၉နှစ်)တို့ဖြစ်ကြပြီး သူတို့နှစ် ယောက်စလုံးကို တာမွေမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *