၂၅ ဧပြီ၊၂၀၂၄
ရန်ကုန်မြို့၊တာမွေမြို့နယ် တာမွေအဝိုင်းထိပ် တာမွေတံတားအောက် ၁၆၄လမ်းထိပ်မှာ ယမန်နေ့ဧပြီလ၂၄ရက်နေ့ ည၁၀နာရီကျော်အချိန်က အငှား ယာဉ်မောင်းတစ်ဦးဓားထိုးခံလိုက်ရပြီး သေဆုံးသွားတယ်လို့ အနီးနားနေသူတွေဆီက သိရပါတယ်။
ဘာကြောင့်ထိုးသွင်းဒဏ်ရာရတယ်၊ ဘယ်သူကထိုးတယ်ဆိုတာမသိရသေးဘဲ သေဆုံးပြီးမှသာ သိရတယ်လို့ အနီးနားနေသူ တဦးက ပြောပါတယ်။
“ကားငှားစီးရင်းလုယက်ထိုးခံရတာလား။ဘာဖြစ်တာလဲသေချာမသိဘူး။သေပြီးမှပရဟိတအသင်းလာသယ်မှသိရတယ်။ခေတ်က သူကြောက်ကိုယ်ကြောက်နဲ့ မလုံခြုံတော့ဘူး”လို့အနီးအနားမှာနေသူတဦးကပြောပါတယ်။
Visited 37 times, 1 visit(s) today



