တာမွေက တိုက်ခန်းတစ်ခန်းအတွင်းမှာ အမျိုးသမီးနှစ်ဦးရုပ်အလောင်းများတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊ဓမ္မစိန်တာလမ်း၊ တိုက်အမှတ် (၁၅)၊ ၈ လွှာကတိုက်ခန်းတစ်ခန်းအတွင်းမှာ အောက်တိုဘာလ၂၀ရက်နေ့လယ်ပိုင်းက အမျိုး သမီးနှစ်ဦးရဲ့ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အမျိုးသမီးနှစ်ယောက်လုံး အသတ်ခံထားရတာပါ။ပြောနေကြတာတော့ ဓါးပြဝင်တိုက်ပြီး လူကိုပါသတ်သွားတာတဲ့”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးနေတဲ့အမျိုးသမီးနှစ်ဦးရဲ့ရုပ်အလောင်းများကို လူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *