တာချီလိတ်ကနေ ရန်ကုန်ကို သွားမယ့် လေကြောင်းလိုင်းတစ်လိုင်းမှာ သြဂုတ် လ၂၄ရက်ညနေ၅နာရီ၄၅မိနစ်က ကိုယ် ဝန်ဆောင်အမျိုးသမီးတစ်ဦးလိုက်ပါလာရာမှာ ရေမွှာပေါက် ကာ ကလေးမွေးဖွား တော့မယ်အခြေအနေဖြစ်ပေါ်ခဲ့တာကြောင့် လေယာဉ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီ က သိရပါတယ်။


ကိုယ်ဝန်ဆောင်မိခင်က လေယာဉ်ပေါ် မှာ မွေးဖွားခဲ့တဲ့ကလေးဟာ သမီးလေး ဖြစ်ပြီး လေကြောင်းလိုင်းကတော့ Air KBZကဖြစ်ပြီး လေယာဉ်ပေါ်မှာပဲ ထူး ထူးခြားခြားမွေးဖွားခဲ့တဲ့ ကလေးဖြစ်တာ ကြောင့် Air KBZ အနေနဲ့ ကလေးငယ်ကို တစ်သက်တာလေယာဉ် အခမဲ့စီးနင်းခွင့် ပေးမယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာပဲ ကလေးမွေးဖွားခဲ့တဲ့ ဖြစ်စဉ်ကို ဦးလှမိုး (တာချီလိတ်) လူမှု ကူညီရေးအသင်းက လူမှုကူညီရေး လုပ် ငန်းများဆောင်ရွက်ပေးခဲ့ပြီး လေယာဉ် ပေါ်မှာ မွေးဖွားခဲ့တဲ့ကလေးငယ်ကို လေဆိပ်ကနေ တာချီလိတ်မြို့က ကောင်း မြတ်ဆေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။