တာချီလိတ်မှာ လက်နက်ခဲယမ်းများနဲ့အတူ ထိုင်းနှင့်မြန်မာနိုင်ငံသား ၇ဦး ဖမ်းဆီးရမိ

■ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံသားတစ်ဦးမှာ မူးယစ်တရားခံပြေးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးမှာ PNLOအဖွဲ့ဝင်ဖြစ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ဆမ်ဆိုင်း (က) ရပ်ကွက်က မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှာ ဇန်နဝါရီ လ၂၆ရက် ညနေ၆နာရီခွဲက လက်နက်ခဲယမ်းများနဲ့အ တူ ထိုင်းနိုင်ငံသား ၂ဦး နှင့်မြန်မာနိုင်ငံသား ၅ဦးတို့ကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဇန်နဝါရီလ၂၆ရက်ညနေ၆နာရီခွဲက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့၊ ဆမ်ဆိုင်း(က)ရပ် ကွက်က မိုဘိုင်း ဖုန်းဆိုင်မှာ တရားမဝင် လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ ရောက်ရှိနေတယ်လို့ သတင်းရတာကြောင့် သွားရောက်ရှာ ဖွေရာ ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦးတို့ကို ပစ္စတိုသေနတ် ၄ လက်၊ ကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်း နှင့် နိုင်းအာနုချေချဘာဂမ်း တို့ဖြစ်ပြီး ပီကျိုင်းဟာ ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုနဲ့ အလိုရှိတရားခံ ပြေးဖြစ်တဲ့အပြင် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်တရားရုံးကလည်း မူးယစ်အမှုနဲ့ အလိုရှိတ ရားခံပြေးတစ်ဦးဖြစ်ပြီး ဖမ်း ဆီးရမိ မြန်မာနိုင်ငံသား ၅ ဦးမှာ ကျော်အေးထွန်း(ခ)ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်း နှင့် ညီနပ် တို့ဖြစ်ပြီး ကျော်အေးထွန်း(ခ)ကျော်ထွန်းအေးဟာ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများကို တည်ဆဲဥပဒေများအရ အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *