တာချီလိတ်မြို့ ၊မယ်ဟုတ်ချောင်းတံတား အထက်ပိုင်းမယ်ယန်းရွာအစပ်မှာ ဒီဇင်ဘာလ၃ရက်ညနေ၃နာရီက မယ်ဟုတ်ချောင်းအတွင်း ရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးခဲ့ရတဲ့ အသက်၁၂နှစ်အရွယ် က လေးငယ်ရုပ်အလောင်းကို ပျောက် ဆုံးပြီး တစ်ရက်ကျော်အကြာ ဒီဇင် ဘာ၄ရက် ည၈နာရီ၂၀မိ နစ်မှာ မယ်ဟုတ်ချောင်းအောက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။


ရေနစ်ပျောက်ဆုံးခဲ့တဲ့ကလေးငယ်ကို တာချီလိတ်မြို့က မီး သတ်တပ်ဖွဲ့ဝင်များနဲ့လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်ရက်ကျော်ကြာဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။


ရေနစ်သေဆုံးခဲ့တဲ့ကလေးငယ်ရဲ့ရုပ်အလောင်းကို ရွှေမယ်ယန်းလူမှုရေးအသင်းက ကားနဲ့ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 11 times, 1 visit(s) today



