ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ဆန်ဆိုင်းရပ် ကွက်။အခြေခံပညာအထက်တန်းကျောင်းရှေ့က လမ်းဘေးမှာ အောက်တိုဘာလ၂၇ရက်မနက်၁၁နာရီခန့်က အသက်၅၀ကျော်အရွယ် ပျံကျနေထိုင်သူ အမည်မသိအမျိုးသားတစ်ဦး အအေးမိပြီး အားပြတ်သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးနေသူအမျိုးသားရဲ့ရုပ်အလောင်းကို ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ မြို့မကျောက်တောင်သုသာန်ကို ပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today