ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မှာစက်တင်ဘာလ၇ရက်က ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ပြောင်းဆေးဝါး(Happy Water)များဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီး
နှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူး ပေါင်းအဖွဲ့ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်မှာ ရန်ကုန်ကိုတင်ပိုမယ့်မဖြိုးကေသီကျော် သယ်ဆောင်လာတဲ့ စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီနေ့ ညနေ ၅ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သတင်းကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်မှာ မမူမူကြူ(ခ)နန်းလောင်ငင်၊ စိုင်းဝိလတ်၊ မမီညားတို့၃ ဦးကို Toyota Crown မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
စိတ်ပြောင်းဆေးဝါး(Happy Water)များနဲ့အတူ ဖမ်းမိခဲ့သူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့လည်း သိရပါတယ်။