တာချီလိတ်မှာ ငွေကျပ်၁ဒသမ၁ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)တွေ ဖမ်းမိ

  • မူးယစ်ဆေးဝါးနဲ့စိတ်ပြောင်းဆေးဝါးတွေ ဖော်ထုတ်ဖမ်းဆီးရမိရေး အရှိန်အ ဟုန် မြှင့်ဆောင်ရွက်နေ

တာချီလိတ်၊ ဧပြီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ရှောင် လမ်းမှာ ဧပြီလ၁၉ရက် ည၉နာရီက Crown မော်တော်ယာဉ်တစ်စီးပေါ်က ကာတန်ဖိုး ငွေကျပ်၁ဒသမ၁ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water ) ၁၀ဒသမ၀၃ကီလိုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါ တယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ ဧပြီလ၁၉ရက် ည၉နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူး ပေါင်း အဖွဲ႔ဟာသတင်း အရတာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ် ကွက်၊ မြို့ရှောင်လမ်းမှာ စိုင်းအောင်ဆာ မောင်းနှင်ပြီး စိုင်း ပူးခမ်း လိုက်ပါလာတဲ့ Crown မော်တော်ယာဉ်ကို ရှာဖွေခဲ့ရာမော်တော်ယာဉ်ပေါ်က ပလတ်စတစ် အိတ် ၂၉၅ အိတ် နဲ့ထည့် လာတဲ့ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

စိတ်ပြောင်းဆေးဝါး(Happy Water) တွေ နဲ့အတူဖမ်းမိခဲ့တဲ့ စိုင်းအောင်ဆာနဲ့ စိုင်းပူး ခမ်းတို့ကိုမူးယစ်ဆေးဝါးနဲ့စိတ် ကို ပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရ ဥပဒေအရ အ ရေးယူထားပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဖမ်ဆီးရမိနိုင်ရေး ဆက်လက် စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *