တာချီလိတ်မှာ ကျပ်သိန်း၄၄၀၀တန်ဖိုးရှိတဲ့ စိတ်ပြောင်းမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၄)လမ်းမှာ မောင်းနှင်လာတဲ့ CROWN အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်ကနေ ကာလ တန်ဖိုးငွေ ကျပ်သိန်း၄၄၀၀တန်ဖိုးရှိတဲ့ စိတ်ပြောင်းမူးယစ်ဆေးဝါးတွေကို နိုဝင်ဘာလ၁၀ရက် မနက်၁၀နာ ရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ နိုဝင်ဘာလ၁၀ရက်မနက်၁၀နာ ရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက် သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ် ကွက်၊ (၄)လမ်းမှာစိုင်းမင်းဦး မောင်းနှင်ပြီး အိုက်နော်ခမ်း လိုက်ပါလာတဲ့ CROWN အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄ကီ လို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀၀)

နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နံနက်၁၁နာရီခွဲမှာ အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ မအီထောင်ရှဲန်ကို သူနေထိုင်တဲ့ ကျိုင်းလပ်မြို့၊ ရပ်ကွက် (၃)ကနေအိမ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စိတ်ပြောင်းမူးယစ်ဆေးဝါးတွေကို သယ်ဆောင်ဖြန့်ချိရောင်းချသူများဖြစ်တဲ့ မင်းဦး(၂၅)နှစ်၊ အိုက်နော်ခမ်း (၂၀)နှစ်နှင့် မအီထောင်ရှဲန်(၂၂)နှစ်တို့ကို တာချီလိတ်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေး ယူထားတယ်လို့လည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *