တာချီလိတ်မှာ ကျပ်သိန်း၄၁၀၀ကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့က ကားဂိတ်တစ် ဂိတ်မှာပို့ထားတဲ့ လျှပ်စစ်ဒယ်အိုးပါဆယ်ထုတ်များနဲ့နေအိမ်

တစ်အိမ်ထဲတို့ကနေ ဒေသကာလပေါက်စျေး ငွေကျပ်သိန်း ၄၁၀၀ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ အောက်တိုဘာလ၁ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ အောက်တိုဘာလ ၁ရက်နေ့ မွန်းလွဲ ၁၂နာရီ၃၀မိနစ်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များဟာ သတင်းအရ သက်သေများနဲ့အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်က ကားဂိတ်တစ်ဂိတ်မှာ ရဲမင်းလတ် လာရောက်ပို့ဆောင်ထားတဲ့ လျှပ်စစ်ဒယ်အိုးပါဆယ်ထုတ်များအတွင်းက စိတ်ပြောင်းဆေးဝါး(Happy Water) အလေး ချိန် ၁.၅၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၃၈ သိန်း)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ၁နာရီက ရဲမင်းလတ်နေထိုင်တဲ့ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ် ကွက်၊ မြတ်လေးလမ်းက နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းက စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၁၇၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၉၄.၇ သိန်း)ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ တာကို သိရပါတယ်။

စိတ်ပြောင်းဆေးဝါး(Happy Water)နဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ရဲမင်းလတ်(၃၂)နှစ်ကို တာချီလိတ်မြို့မရဲစခန်းမှာ မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *