တာချီလိတ်မှာ ကားနှစ်စီး မြောင်းထဲထိုး ကျပြီး မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ဝိန်းကျောက်ရပ်ကွက် ဟုန်းပန်းကွင်း အတွင်းက ဟယ်ရီပေါ်တာ ကေတီဗွီအနီး အနောက်ဖက်လမ်းပေါ်မှာ ဇွန်လ၁၀ရက် ည၁၁နာရီ ၁၀မိနစ်က လမ်းပြင်နေတာကို မသိဘဲ မောင်းနှင်ခဲ့တာကြောင့် မောင်းနှင်ခဲ့တဲ့ကားနှစ်စီးဟာ မြောင်းထဲထိုးကျပြီး မီးလောင်မှုဖြစ်ပွားခဲ့

တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့ကားနှစ်စီးမှာ Crownတစ်စီးနဲ့Hoda Fitတစ်စီး တို့ဖြစ် ကြပြီး တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့က မီးလာရောက်ငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“အမျိုးသမီးတစ်ယောက်မောင်းလာတဲ့Honda Fitက မြောင်းထဲအရင်ကျတာပါ။ ပတ် ဝန်းကျင်ကလူတွေကကားပေါ်က အမျိုးသမီး ကို ကယ်ထုတ်ပေးနေတုန်း Crownကားက လည်း မြောင်းထဲထပ်ကျပြီး မီးလောင်ကုန် တာပါ။Crwonကားပေါ်က အမျိုးသားကတော့ ထိခိုက်ဒဏ်ရာတွေရလို့ ဆေးရုံပို့လိုက်ပါတယ်´´လို့ဒေသခံတစ်ယောက်က ပြောပါ တယ်။

ကားနှစ်စီးမြောင်းထဲထိုးကျခဲ့နေရာမှာ လမ်းပြင်ဆင်နေမှုမှာ ဆယ်ရက်ခန့် ကြာပြီဖြစ်ပြီး အရင်ရက်ပိုင်းက မြေစာပုံများနဲ့ ကာရံထားပေမယ့် မြောင်းပေါ်ကို ကွန်က ရစ်ခင်းဖို့အတွက် မြေစာပုံနေရာမှာ ဝါးများ နဲ့ကာထားချိန်မှာ ကားတွေပြုတ်ကျခဲတာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *