ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ဆန်ဆိုင်း (ခ)ရပ်ကွက်၊(ဈ)နယ်နိမိတ်ချင်း ထိစပ်တဲ့ မြေကွက်အတွင်းမှာ မေလ၁၃ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ တာကြောင့် မေလ၁၄ရက်နေ့နံနက်ပိုင်းမှာ မြေပြိုကျမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသ ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မြေပြိုကျမှုဖြစ်ပွားရာနေရာမှာရှိတဲ့ သွပ် မိုးသွပ်ကာနေအိမ်တစ်လုံးပေါ်ကို မြေတွေ ပြိုကျပြီး ပိသွားခဲ့တာကြောင့် နေအိမ်အတွင်း မှာ အိပ်ပျော်နေတဲ့လင်မယား နှစ် ယောက်သေဆုံးသွားခဲတယ်လို့ သိရပါတယ်။

“မနေ့ညက မိုးများတယ်။ ဒီမနက် အစော ပိုင်းမှာဝုန်းဆိုတဲ့ အသံ ကျယ် ကြီးကြား လိုက်ရတယ်။ခဏနေတော့ မြေပြိုကျသွား တာလို့ သိရတယ်။မြေပြိုကျတဲ့နေရာမှာ နေအိမ်၄လုံးနဲ့လိုင်းခန်း၇ခန်းရှိတယ်။မြေပိသွားတဲ့အိမ်ကလင်မယားနှစ်ယောက်က တော့တော်တော်ကံဆိုးရှာပါတယ်။စိတိမကောင်းပါဘူး´´ဒေသခံတစ်ယောက်ကပြောပါတယ်။

မြေပြိုကျမှုဖြစ်ပွားရာကို နယ်မြေခံမီးသတ် တပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့ ဝင်များ၊တပ်မတော်သားများ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ လင်မယား နှစ်ယောက်ရဲ့ရုပ်အလောင်းကို ဦးလှမိုး ပရဟိတအသင်းက မော်တော်ယာဉ်နဲ့ တာ ချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။