တာချီလိတ်မြို့မှာ မွေးကင်းစကလေးငယ်တစ်ဦးစွန့်ပစ်မှုဖြစ်ပွားခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ကသုသာန်တစ်ခုထဲမှာ စက်တင်ဘာလ ၂၆ရက်နေ့ ည ၇နာရီခန့်က မွေးကင်းစကလေးငယ်တစ်ဦးစွန့်ပစ်မှုဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သိရပါတယ်။

စွန့်ပစ်ခံမွေးကင်းစကလေးငယ်ကို မိုးမေတ္တာ ပရဟိတလူငယ်ဖွံဖြိုးရေးဂေဟာက သွား ရောက်ခေါ်ယူပြီး ရာသက်ပန်စောင့်ရှောက်ပေးသွားမယ်လို့ သိရပါတယ်။

မိုးမေတ္တာ ပရဟိတလူငယ်ဖွံဖြိုးရေးဂေဟာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ” သုသာန်တစ်ခု ထဲမှာ မွေးကင်းစသမီးလေး၁ဦး စွန့်ပစ်ထားတာကို တွေ့ရှိထားတဲ့အတွက် သမီးလေးကို ဦးလှမိုးတို့ မိုးမေတ္တာ ပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာမှာ စောင့်ရှောက်ပေးဖို့ အကူညီတောင်း ခံလာလို့ ကျွန်မကိုယ်တိုင် ချက်ချင်းသွား ရောက်ပြီး သမီးလေးကို ကောင်းမွန်စွာနဲ့ ခေါ်ဆောင်လာခဲ့ပါပြီ ဒီနေ့တော့ မိုးချူပ်သွားလို့ သမီးလေးအတွက်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမှာပါ။ သမီးလေးရဲ့ ဘဝတစ်ခုလုံးအတွက် မိဘမေတ္တာ အပြည့်အဝပေးပြီး နွေးထွေးစွာထာဝရ စောင့်ရှောက်သွားမှာဖြစ်ပါတယ်။နောက်နောင် အခုလို ဖြစ်စဉ်များရှိခဲ့ရင် ဒီလိုမျိုးတော့မလုပ်ပါနဲ့ ရှင် ကျွန်မတို့ဆီ တိုးတိုးတိတ်တိတ် လာရောက်အပ်နှံလို့ ရပါတယ် အချိန်မရွေးပါ “လို့ဖော်ပြထားပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *